MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နဲ့ အစားထိုးမယ်ဆိုပြီး အလုပ်ထုတ်လို့မရကြောင်း တရုတ်တရားရုံး အမိန့်ချ
News
news၂၀၂၆ မေ ၆

AI နဲ့ အစားထိုးမယ်ဆိုပြီး အလုပ်ထုတ်လို့မရကြောင်း တရုတ်တရားရုံး အမိန့်ချ

<p>နည်းပညာတွေ တိုးတက်လာပေမဲ့ ကုမ္ပဏီတွေအနေနဲ့ AI ကို အကြောင်းပြပြီး ဝန်ထမ်းတွေကို အလုပ်ဖြုတ်လို့မရဘူးဆိုတဲ့ ထူးခြားတဲ့ စီရင်ချက်တစ်ခု</p>

နည်းပညာတွေ တိုးတက်လာပေမဲ့ ကုမ္ပဏီတွေအနေနဲ့ AI ကို အကြောင်းပြပြီး ဝန်ထမ်းတွေကို အလုပ်ဖြုတ်လို့မရဘူးဆိုတဲ့ ထူးခြားတဲ့ စီရင်ချက်တစ်ခု တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ထွက်ပေါ်လာပါတယ်။

ဒီအမှုဟာ ၂၀၂၂ ခုနှစ်ကတည်းက နည်းပညာကုမ္ပဏီတစ်ခုမှာ AI ရဲ့ အလုပ်တွေကို ပြန်လည်စစ်ဆေးပေးရတဲ့ ကြီးကြပ်မှူး ရှောင်ကျိုးနဲ့ ပတ်သက်နေတာပါ။ အစကတော့ AI ကို စစ်ဆေးဖို့ ခန့်ထားတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ကုမ္ပဏီက သူ့နေရာမှာ AI နဲ့ပဲ အစားထိုးဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

Chinese Courts Rule Companies Cannot Fire Workers Simply to Replace Them With AI - Caixin Global

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ကုမ္ပဏီက ရှောင်ကျိုးကို သူ့နေရာမှာ Large Language Model (LLM) နဲ့ အစားထိုးတော့မှာ ဖြစ်တာကြောင့် ရာထူးချထားမှုကို လက်ခံဖို့နဲ့ လစာ ၄၀ ရာခိုင်နှုန်း လျှော့ယူဖို့ ဖိအားပေးခဲ့ပါတယ်။

ရှောင်ကျိုးက ဒါကို လက်မခံဘဲ ငြင်းဆန်ခဲ့တဲ့အတွက် ကုမ္ပဏီက သူ့ကို အလုပ်ထုတ်ပစ်လိုက်ပြီး နစ်နာကြေး ဒေါ်လာ ၄၅,၀၀၀ ဝန်းကျင် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရှောင်ကျိုးက အရှုံးမပေးဘဲ အစိုးရရဲ့ အလုပ်သမားရေးရာ အဖွဲ့ကနေတစ်ဆင့် တရားဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်ခဲ့တာပါ။

Chinese court rules companies can't fire staff to replace them with AI - Dexerto

နောက်ဆုံးမှာတော့ တရားရုံးက ရှောင်ကျိုးဘက်ကနေ အနိုင်ပေးလိုက်ပြီး အခုလို အလုပ်ထုတ်တာဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကုမ္ပဏီတွေထဲမှာ AI နည်းပညာကို အသုံးပြုလာတာဟာ ဝန်ထမ်းတွေနဲ့ ချုပ်ဆိုထားတဲ့ အလုပ်ခန့်ထားမှု စာချုပ်တွေကို ဖျက်သိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ တရားရုံးက ပြတ်ပြတ်သားသား ထောက်ပြသွားခဲ့ပါတယ်။ အခုစီရင်ချက်ဟာ AI ခေတ်မှာ အလုပ်အကိုင် လုံခြုံမှုအတွက် စံနမူနာပြ အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com