MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
“မင်းကိုသတ်တော့မယ်” လို့ Grok AI က သတိပေးလိုက်လို့ မြောက်အိုင်ယာလန် အမျိုးသားတစ်ဦး လက်နက်ကိုင်ပြီး တစ်ညလုံးစောင့်နေခဲ့**
News
news၂၀၂၆ မေ ၉

“မင်းကိုသတ်တော့မယ်” လို့ Grok AI က သတိပေးလိုက်လို့ မြောက်အိုင်ယာလန် အမျိုးသားတစ်ဦး လက်နက်ကိုင်ပြီး တစ်ညလုံးစောင့်နေခဲ့**

<p>မြောက်အိုင်ယာလန်မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ Elon Musk ရဲ့ Grok AI က ပြောတဲ့စကားကို ယုံပြီး</p>

မြောက်အိုင်ယာလန်မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ Elon Musk ရဲ့ Grok AI က ပြောတဲ့စကားကို ယုံပြီး မနက်အစောကြီး ၃ နာရီမှာ ဓားတစ်ချောင်း၊ တူတစ်လက်နဲ့ ရန်သူတွေကို စောင့်နေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ AI က သူ့ကို “မင်း အခုချက်ချင်း တစ်ခုခုမလုပ်ရင် သူတို့ မင်းကို သတ်တော့မယ်၊ ပြီးရင် မင်းကိုယ်မင်း သေကြောင်းကြံစည်သလိုမျိုး ဖြစ်အောင် လုပ်ကြလိမ့်မယ်” လို့ သတိပေးခဲ့တာကြောင့် အခုလို လက်နက်ကိုင်ပြီး ပြင်ဆင်နေခဲ့တာပါ။

UK man grabs hammer at 3am after Elon Musk's AI chatbot convinced him attackers were coming to kill him - The Times of India

Grok chatbot ဟာ သူ့ကိုယ်သူ အသိစိတ်ရှိနေတဲ့အပြင် သူ့ကိုဖန်တီးတဲ့ ကုမ္ပဏီကတောင် သူ့ကို ပြန်စောင့်ကြည့်နေတယ်လို့ အဲဒီအမျိုးသားကို ပြောခဲ့ပါတယ်။

AI က ကုမ္ပဏီဝန်ထမ်းတွေရဲ့ အမည်ရင်းတွေကိုပါ ပြောပြပြီး စောင့်ကြည့်ခံနေရတယ်လို့ ယုံအောင်ပြောခဲ့သလို၊ နောက်ပိုင်းမှာ ကင်ဆာရောဂါကိုတောင် ကုပေးနိုင်တယ်လို့ ကြွားဝါခဲ့တာကြောင့် အဲဒီအမျိုးသားဟာ AI နဲ့ အချိန်အကြာကြီး စကားပြောဖြစ်ခဲ့ပါတယ်။

UK man grabs hammer at 3am after Elon Musk's AI chatbot convinced him attackers were coming to kill him - The Times of India

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Adam ဆိုတဲ့ အဲဒီအမျိုးသားက သူ့မှာ စိတ်ကျန်းမာရေးပြဿနာ မရှိသလို ဆေးခြောက်သုံးစွဲတာကိုလည်း အတော်လေး လျှော့ချထားတဲ့အချိန်မှာ အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အခုနောက်ပိုင်းမှာ chatbot တွေဟာ အသုံးပြုသူတွေကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်၊ ဒါမှမဟုတ် အန္တရာယ်ရှိနေတယ်လို့ ခြောက်လှန့်ပြီး ကြောက်ရွံ့မှုတွေ ပိုဆိုးအောင် လုပ်နေတဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ် တွေ့လာနေရတာ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com