MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI ခေတ်စားလာမှုကြောင့် ဒေတာစင်တာတွေရဲ့ ကာဗွန်ထုတ်လွှတ်မှု မျှော်မှန်းထားတာထက် ၅၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာနိုင်
News
news၂၀၂၆ ဇူလိုင် ၈

AI ခေတ်စားလာမှုကြောင့် ဒေတာစင်တာတွေရဲ့ ကာဗွန်ထုတ်လွှတ်မှု မျှော်မှန်းထားတာထက် ၅၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာနိုင်

<p>Allianz Trade ရဲ့ အစီရင်ခံစာသစ်တစ်ခုအရ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ဒေတာစင်တာတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် မက်ထရစ်တန်</p>

Allianz Trade ရဲ့ အစီရင်ခံစာသစ်တစ်ခုအရ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ဒေတာစင်တာတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် မက်ထရစ်တန် ၂၈၆ သန်းအထိ ထုတ်လွှတ်ဖွယ်ရှိနေပြီး ဒါဟာ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ ယခင်ခန့်မှန်းချက်ထက် ၅၇ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေပါတယ်၊၊

အဲဒီလို ထုတ်လွှတ်မှု အရှိန်အဟုန်နဲ့ မြင့်တက်လာတာဟာ ကွန်ပျူတာတွက်ချက်မှုစွမ်းအားနဲ့ လျှပ်စစ်ဓာတ်အား အများအပြား လိုအပ်တဲ့ Artificial Intelligence (AI) နည်းပညာ မြန်ဆန်စွာ တိုးတက်လာတာကြောင့် ဖြစ်ပါတယ်၊၊

Big Tech's data center boom poses new risk to US grid operators | Reuters

လက်ရှိမှာ AI စနစ်တွေဟာ ကမ္ဘာ့ဒေတာစင်တာတွေရဲ့ လျှပ်စစ်သုံးစွဲမှု ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ နေရာယူထားပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ အဲဒီပမာဏဟာ ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်ပါတယ်၊၊

လျှပ်စစ်ဓာတ်အားပေးစနစ်တွေကို သန့်ရှင်းတဲ့ စွမ်းအင်အဖြစ် မြန်မြန်ဆန်ဆန် မပြောင်းလဲနိုင်ပါက ၂၀၃၀ ပြည့်နှစ်မှာ ဒေတာစင်တာတွေရဲ့ ကာဗွန်ထုတ်လွှတ်မှုဟာ ၂ ဆကျော် ပိုမိုများပြားလာမှာ ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၅၄ ဘီလီယံဖိုးမက ရာသီဥတုဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်၊၊

Next-Generation Data Centers: Everything You Need To Know

ဒါ့အပြင် ၂၀၃၀ ပြည့်နှစ်မှာ ဒေတာစင်တာတွေရဲ့ အအေးပေးစနစ်အတွက် ရေသုံးစွဲမှုဟာလည်း တစ်နှစ်ကို လီတာ ၁ ဒသမ ၃ ထရီလီယံကနေ ၁ ဒသမ ၈ ထရီလီယံအထိ ရှိလာနိုင်ပြီး အဲဒီပမာဏဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ တစ်နှစ်စာ ရေသုံးစွဲမှုနဲ့ ညီမျှနေပါတယ်၊၊

ဒေတာစင်တာတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဟာ သူတို့အသုံးပြုတဲ့ စွမ်းအင်အမျိုးအစားပေါ်မှာ များစွာမူတည်နေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုတဲ့ စင်တာတွေဟာ ကျောက်မီးသွေးနဲ့ လောင်စာဆီ သုံးစွဲတဲ့ စင်တာတွေထက် ကာဗွန်ထုတ်လွှတ်မှု အလွန်နည်းပါးတာကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်၊၊

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com