MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဟောလိဝုဒ်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ AI နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုလာ
News
news၂၀၂၆ ဇူလိုင် ၂၄

ဟောလိဝုဒ်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ AI နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် စတင်အသုံးပြုလာ

<p>နှစ်ပေါင်းများစွာကြာအောင် AI နည်းပညာကို ငြင်းဆန်တွန်းလှန်ခဲ့ကြတဲ့ ဟောလိဝုဒ် ရုပ်ရှင်စတူဒီယိုကြီးတွေ၊ Streaming ကုမ္ပဏီတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေဟာ အခုအခါမှာတော့</p>

နှစ်ပေါင်းများစွာကြာအောင် AI နည်းပညာကို ငြင်းဆန်တွန်းလှန်ခဲ့ကြတဲ့ ဟောလိဝုဒ် ရုပ်ရှင်စတူဒီယိုကြီးတွေ၊ Streaming ကုမ္ပဏီတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေဟာ အခုအခါမှာတော့ AI စွမ်းအားသုံး ရိုက်ကူးရေး ကိရိယာတွေမှာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး ဒီနည်းပညာကို ခေါင်းငြိမ့်လက်ခံလာကြပြီ ဖြစ်ပါတယ်။

Lionsgate ဟာ AI ဗီဒီယို ဖန်တီးတဲ့ Runway ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့သလို Google ကလည်း သီးခြားရုပ်ရှင်စတူဒီယို A24 မှာ ရင်းနှီးမြှုပ်နှံမှုတွေ အပြိုင်အဆိုင် ပြုလုပ်လာခဲ့တာပါ။

Netflix ရဲ့ ပူးတွဲ စီအီးအို Ted Sarandos ကလည်း ၎င်းတို့ရဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်း ၃၀၀ နီးပါးမှာ အထူးပြုလုပ်ချက် (VFX) တွေကို ပိုမိုမြန်ဆန်ထိရောက်စွာ ဖန်တီးနိုင်ဖို့ AI နည်းပညာကို အသုံးပြုထားပြီးပြီလို့ တရားဝင် အတည်ပြုခဲ့ပါတယ်။

Hollywood's Future: How AI and New Technology Are Transforming the Industry - IMDb

တစ်ဖက်မှာလည်း ရုပ်ရှင်ရိုက်ကူးသူတွေဟာ ခေတ်သစ် AI ရိုက်ကူးရေး နည်းလမ်းတွေကို အပြိုင်အဆိုင် စမ်းသပ်နေကြပါတယ်။ Wonder Project နဲ့ Luma ကုမ္ပဏီတို့ ပူးပေါင်းဖန်တီးလိုက်တဲ့ နည်းပညာကြောင့် သရုပ်ဆောင်တွေအနေနဲ့ အစိမ်းရောင်နောက်ခံ (Greenscreen) ရှေ့မှာ ပုံမှန်အတိုင်း သရုပ်ဆောင်ရုံနဲ့တင် အနီးပတ်ဝန်းကျင် နောက်ခံတစ်ခုလုံးကို AI က လက်ရှိမြေပြင်အလား သက်ဝင်လှပအောင် အလိုအလျောက် ပုံဖော်ပေးနိုင်နေပြီ ဖြစ်ပါတယ်။

ဒီဆန်းသစ်တဲ့ နည်းပညာကို ပထမဆုံး အသုံးပြုရိုက်ကူးထားတဲ့ “Young Washington” ရုပ်ရှင်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်အထိ ရရှိကာ အောင်မြင်မှု သမိုင်းသစ် စိုက်ထူနိုင်ခဲ့ပါတယ်။

Generative AI is changing the game in Hollywood - The Brighter Side of News

ဒီလိုမျိုး AI ကို အကြီးအကျယ် သုံးစွဲလာကြပေမဲ့လည်း အဲဒီနည်းပညာဟာ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေကို ကူညီပေးရုံ အဆင့်မှာပဲ ရှိနေပြီး သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အခြားသော ဖန်တီးရှင်တွေကို အစားထိုးဖို့ မဟုတ်ဘူးလို့ ရုပ်ရှင်ဖန်တီးသူတွေက တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့လည်း AI ကြောင့် လူသားတွေ အလုပ်အကိုင် ပျောက်ဆုံးသွားနိုင်ခြေ၊ မူပိုင်ခွင့် ပြဿနာတွေနဲ့ ဟောလိဝုဒ်ရဲ့ အနာဂတ် ရိုက်ကူးရေး ပုံစံတွေ ပြောင်းလဲသွားနိုင်မှုအပေါ် ပူပန်မှုနဲ့ အငြင်းပွားဖွယ်ရာ ဆွေးနွေးမှုတွေကတော့ ပူပူနွေးနွေး ဆက်လက် ရှိနေဆဲပဲ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com