MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI ကြောင့် ဒီနှစ်ထဲမှာ နည်းပညာ ဝန်ထမ်း ၁ သိန်းကျော် အလုပ်ပြုတ်သွားပြီ
News
news၂၀၂၆ မေ ၁၇

AI ကြောင့် ဒီနှစ်ထဲမှာ နည်းပညာ ဝန်ထမ်း ၁ သိန်းကျော် အလုပ်ပြုတ်သွားပြီ

<p>ကမ္ဘာ့နည်းပညာလောကမှာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ၅ လအတွင်းမှာတင် ကမ္ဘာတစ်ဝန်းက ဝန်ထမ်းအင်အား ၁ သိန်းကျော်အထိ</p>

ကမ္ဘာ့နည်းပညာလောကမှာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ၅ လအတွင်းမှာတင် ကမ္ဘာတစ်ဝန်းက ဝန်ထမ်းအင်အား ၁ သိန်းကျော်အထိ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရတဲ့ ရိုက်ခတ်မှုကြီး တကျော့ပြန်လည် ရောက်ရှိလာပါတယ်။

နည်းပညာကုမ္ပဏီကြီးတွေဟာ ကုန်ကျစရိတ်တွေကို လျှော့ချပြီး လူအင်အားနေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာဘက်ကို ငွေပုံအောပြီး လမ်းကြောင်းပြောင်း ရင်းနှီးမြှုပ်နှံလာကြလို့ ဝန်ထမ်းလျှော့ချမှုနှုန်းက အရှိန်အဟုန်နဲ့ ပြန်လည်မြန်ဆန်လာတာ ဖြစ်ပါတယ်။

ယခုနှစ် ပထမသုံးလပတ်တစ်ခုတည်းမှာတင် လူပေါင်း ၈၁,၇၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ဒါဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဝန်ထမ်းအမြောက်အမြားဆုံး ဖြုတ်ပစ်ခဲ့တဲ့ အဆိုးရွားဆုံး စံချိန်လည်း ဖြစ်ပါတယ်။

AI pressure pushes global tech layoffs past 100,000

ဒီတစ်ကျော့ပြန် ဝန်ထမ်းဖြုတ်ပွဲကြီးဟာ Meta၊ Amazon၊ PayPal နဲ့ Cloudflare လိုမျိုး ကမ္ဘာ့အဆင့်မြင့် နည်းပညာဘီလူးကြီးတွေကို တည့်တည့်ကြီး ရိုက်ခတ်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် ကမ္ဘာ့ဝန်ထမ်းအင်အားရဲ့ ၁၀ ရာခိုင်နှုန်း (ဝန်ထမ်း ၈,၀၀၀ နီးပါး) ကို ဖြုတ်ပစ်ဖို့ ပြင်ဆင်နေတဲ့ Meta နဲ့ ဝန်ထမ်းနေရာ ၃၀,၀၀၀ အထိ ဓားထက်ထက်နဲ့ လှီးဖြတ်လိုက်တဲ့ Amazon တို့ဟာ လုပ်ငန်းခွင်တွေမှာ AI နည်းပညာကို တွင်တွင်ကျယ်ကျယ် အစားထိုးသုံးစွဲလာလို့ ဖြစ်ပါတယ်။

ဖောက်သည်ဝန်ဆောင်မှု၊ ဆော့ဖ်ဝဲလ်ရေးတာနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာတဲ့ အလုပ်တွေမှာ လူတူစက်ရုပ်တွေလိုမျိုး လုပ်ဆောင်နိုင်တဲ့ AI စနစ်တွေက ပိုပြီးနေရာယူလာတဲ့အတွက် ရှိပြီးသား လူသားဝန်ထမ်းတွေရဲ့ နေရာတွေဟာ ပယ်ဖျက်ခံရတာ ဒါမှမဟုတ် ပူးပေါင်းလိုက်တာမျိုးတွေနဲ့ ပျောက်ကွယ်သွားခဲ့ရပါတယ်။

AI pressure pushes global tech layoffs past 100,000

လက်ရှိ ဝန်ထမ်းလျှော့ချမှု ပမာဏဟာ လူပေါင်း ၂ သိန်းခွဲကျော် အလုပ်ပြုတ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က အကျပ်အတည်းလောက် မပြင်းထန်သေးပေမယ့် လက်ရှိအတိုင်းသာ ဆက်သွားနေရင်တော့ ၂၀၂၆ ခုနှစ်ဟာလည်း နည်းပညာလောကရဲ့ သမိုင်းဆိုးတစ်ခု ပြန်ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေကြပါတယ်။

ဒီအခြေအနေဟာ အမေရိကန်တင်မကဘဲ ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာ့အလုပ်အကိုင်စျေးကွက်တစ်ခုလုံးကိုပါ ရိုက်ခတ်လာမှာဖြစ်ပြီး လုပ်ငန်းခွင်တွေမှာ AI ကို အစားထိုးသုံးစွဲမှု မြင့်တက်လာတာကြောင့် ခေတ်နဲ့အညီ ကျွမ်းကျင်မှုအသစ်တွေကို အမြန်မလေ့လာထားတဲ့ ရုံးပိုင်းဆိုင်ရာနဲ့ စီမံခန့်ခွဲမှုပိုင်းက ဝန်ထမ်းတွေအနေနဲ့ နောက်ကောက်ကျန်ခဲ့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

Ref: Nation Thailand

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com