MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျက်ဖ်ဘီဇော့စ် က လူသားတွေ AI ကို ကျေးဇူးတင်သင့်ပြီး အနာဂတ်မှာ လူသားတွေ အေးအေးဆေးဆေး အလုပ်က အနားယူနိုင်မယ်လို့ ပြော
News
news၂၀၂၆ မေ ၂၆

ဂျက်ဖ်ဘီဇော့စ် က လူသားတွေ AI ကို ကျေးဇူးတင်သင့်ပြီး အနာဂတ်မှာ လူသားတွေ အေးအေးဆေးဆေး အလုပ်က အနားယူနိုင်မယ်လို့ ပြော

<p>မကြာသေးခင်က အမေဇုန်ရဲ့ တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်က လူတွေအနေနဲ့ AI နည်းပညာအပေါ် ဝမ်းသာကျေးဇူးတင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက</p>

မကြာသေးခင်က အမေဇုန်ရဲ့ တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်က လူတွေအနေနဲ့ AI နည်းပညာအပေါ် ဝမ်းသာကျေးဇူးတင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ဒီနည်းပညာကို ဂေါ်ပြားတစ်ခုနေရာမှာ ဘူဒိုဇာတစ်ခုနဲ့ အစားထိုးလိုက်တာမျိုးလို့ နှိုင်းယှဉ်ခဲ့တာပါ။

AI ဟာ ကုန်ထုတ်စွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်သလို ကုန်ကျစရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပြီး နောက်ပိုင်းမှာ လူတွေ အလုပ်ကနေ သက်တောင့်သက်သာ နားနားနေနေ ထွက်နိုင်တဲ့အထိ ဖြစ်လာစေလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

Jeff Bezos, Amazon's founder, will step down as CEO - WHYY

ဒါ့အပြင် ဓာတ်မှန်ပညာရှင်တွေနဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေ အလုပ်ပြုတ်ကုန်မယ်ဆိုတဲ့ သတိပေးချက်တွေဟာ မှားယွင်းနေတယ်လို့ ပြောရင်း AI က လုပ်သားတွေကို အစားထိုးပစ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို သူက ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကပဲ Meta နဲ့ Block လို ကုမ္ပဏီကြီးတွေက ဝန်ထမ်းအမြောက်အမြားကို အလုပ်ထုတ်ပစ်တာဟာ AI နည်းပညာကြောင့်လို့ ထုတ်ဖော်ပြောဆိုထားတာကြောင့် ဘီဇော့စ်ရဲ့ မှတ်ချက်တွေအပေါ် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်လာခဲ့ပါတယ်။

Amazon founder Jeff Bezos "briefly" named as world's richest man

AI ကြောင့် အလုပ်အကိုင်တွေ လျော့နည်းလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ဘီဇော့စ်က အမေဇုန်ရဲ့ ဝန်ထမ်း ၃ သောင်းကို အလုပ်ထုတ်ခဲ့တာဟာ AI ကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ တခြားကုမ္ပဏီတွေမှာ ဝန်ထမ်းတွေ ပိုနေတာမျိုး ဖြစ်နိုင်တယ်လို့လည်း သူက နောက်ပြောင်ပြီး ပြောဆိုသွားခဲ့ပါသေးတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com