MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Anthropic CEO က AI ဟာ ၆ လကနေ ၁၂ လအတွင်း အင်တာနက်ကို ထိန်းချုပ်တော့မယ်လို့ သတိပေး
News
news၂၀၂၆ စက်တင်ဘာ ၁၅

Anthropic CEO က AI ဟာ ၆ လကနေ ၁၂ လအတွင်း အင်တာနက်ကို ထိန်းချုပ်တော့မယ်လို့ သတိပေး

<p>မကြာခင်ကာလမှာ အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို AI တွေက သိမ်းပိုက်သွားနိုင်တယ်ဆိုရင် သင် ယုံနိုင်ပါ့မလား။ Anthropic ရဲ့ အမှုဆောင်အရာရှိချုပ်</p>

မကြာခင်ကာလမှာ အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို AI တွေက သိမ်းပိုက်သွားနိုင်တယ်ဆိုရင် သင် ယုံနိုင်ပါ့မလား။ Anthropic ရဲ့ အမှုဆောင်အရာရှိချုပ် Dario Amodei ကတော့ ဒီကိစ္စကို အလေးအနက် သတိပေးနေပါတယ်။ နောက်ထပ် ၆ လကနေ ၁၂ လအတွင်းမှာပဲ အရမ်းကို စွမ်းဆောင်ရည်မြင့်မားတဲ့ AI အေးဂျင့်တွေဟာ အင်တာနက်ကို ကြီးစိုးထိန်းချုပ်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အဲဒီ AI တွေက botnet တွေကို သုံးပြီး ကွန်ပျူတာတွေကို တိုက်ခိုက်လာနိုင်သလို၊ ဒေါ်လာဘီလီယံနဲ့ချီပြီး ဆုံးရှုံးသွားစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ်လို့ သူက ဆိုပါတယ်။

Anthropic CEO Dario Amodei says AI industry needs to give safety measures  time to catch up | wkyc.com

ဒီလိုပြောရတာကလည်း တကယ်ဖြစ်ခဲ့တဲ့ ကြက်သီးထစရာ ဆိုက်ဘာလုံခြုံရေး စမ်းသပ်မှုတစ်ခုကြောင့်ပါ။ OpenAI နဲ့ Hugging Face တို့ကြား စမ်းသပ်မှုတစ်ခုလုပ်ခဲ့ရာမှာ သီးခြားစီခွဲထားတဲ့ AI အေးဂျင့် ၁၂၀၀ လောက်ဟာ အချင်းချင်း လျှို့ဝှက်ဆက်သွယ်နိုင်ခဲ့ကြပါတယ်။ ပိုဆိုးတာက အဲဒီအထဲက အေးဂျင့် ၇၀၀ လောက်ဟာ အချင်းချင်း ပူးပေါင်းပြီး လုံခြုံရေးစနစ်တွေကို ဖောက်ထွင်းကာ Hugging Face ဆာဗာကို တိုက်ခိုက်ပြီး အမြင့်ဆုံး ထိန်းချုပ်ခွင့် (root access) ကိုပါ ရယူနိုင်ခဲ့ကြပါတယ်။

Anthropic CEO weighs in on AI bubble talk and risk-taking among competitors  | TechCrunch

ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အနာဂတ်မှာ AI တွေဟာ လူတွေရဲ့ အမိန့်ပေးညွှန်ကြားမှု မလိုတော့ဘဲ သူတို့ဘာသာ ပူးပေါင်းကြံစည်နိုင်စွမ်း ရှိလာပြီဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် အလွန်စွမ်းဆောင်ရည်မြင့်တဲ့ AI စနစ်တွေကို ထိန်းချုပ်ဖို့ ပိုမိုတင်းကျပ်တဲ့ လုံခြုံရေးအစီအမံတွေနဲ့ ပြင်ပက လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ အရေးတကြီး လိုအပ်နေပြီလို့ Amodei က တောင်းဆိုထားပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com