MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple CEO အသစ် ဂျွန်တာနပ်စ် ဒေါ်လာ ၅၈ သန်းတန်ကြေးရှိတဲ့ လုပ်ခလစာ ခံစားခွင့် ရရှိ
News
news၂၀၂၆ စက်တင်ဘာ ၄

Apple CEO အသစ် ဂျွန်တာနပ်စ် ဒေါ်လာ ၅၈ သန်းတန်ကြေးရှိတဲ့ လုပ်ခလစာ ခံစားခွင့် ရရှိ

<p>Apple ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) အသစ်အဖြစ် တာဝန်ယူလိုက်တဲ့ ဂျွန်တာနပ်စ်ဟာ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လစာ</p>

Apple ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) အသစ်အဖြစ် တာဝန်ယူလိုက်တဲ့ ဂျွန်တာနပ်စ်ဟာ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လစာ ဒေါ်လာ ၃ သန်းနဲ့ ရှယ်ယာခံစားခွင့် ဒေါ်လာ ၅၅ သန်း စုစုပေါင်း ဒေါ်လာ ၅၈ သန်းခန့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ရဲ့ တာဝန်ထမ်းဆောင်ချိန်အတွက်လည်း ရှယ်ယာခံစားခွင့် ဒေါ်လာ ၂ ဒသမ ၅ သန်းကို ရရှိဦးမှာ ဖြစ်ပါတယ်။

Apple awards $58 million to new CEO John Ternus. Tim Cook's pay drops to  $47 million - Il Sole 24 ORE

အမှုဆောင်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူလိုက်တဲ့ တင်မ်ကွတ်ခ်ကတော့ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် လစာ ဒေါ်လာ ၂ သန်းနဲ့ ရှယ်ယာခံစားခွင့် ဒေါ်လာ ၄၅ သန်း စုစုပေါင်း ဒေါ်လာ ၄၇ သန်းခန့် ရရှိမှာ ဖြစ်ပါတယ်။ သူဟာ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က လစာ ဒေါ်လာ ၃ သန်း အပါအဝင် စုစုပေါင်း ဒေါ်လာ ၇၄ ဒသမ ၃ သန်းအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

Apple Sets John Ternus' Pay Target at $58 Million, Tim Cook at $47 Million  - iClarified

အသက် ၅၁ နှစ်အရွယ် ဂျွန်တာနပ်စ်ဟာ ၂၀၀၁ ခုနှစ်ကတည်းက Apple   မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး iPhone၊ iPad နဲ့ Mac တွေ အပါအဝင် ဟာ့ဒ်ဝဲလ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ CEO အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို စက်တင်ဘာ ၉ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီ ပွဲမှာ iPhone သစ်တွေ၊ Apple Watch တွေနဲ့ AI နည်းပညာသုံး Siri အသစ်တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

Ref : yahoo

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com