MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နည်းပညာရဲ့ ဆိုးကျိုးတွေအတွက် အစိုးရတွေ အမြန်ဆုံး ပြင်ဆင်ဖို့ ဘီလ်ဂိတ် တိုက်တွန်း
News
news၂၀၂၆ စက်တင်ဘာ ၁၆

AI နည်းပညာရဲ့ ဆိုးကျိုးတွေအတွက် အစိုးရတွေ အမြန်ဆုံး ပြင်ဆင်ဖို့ ဘီလ်ဂိတ် တိုက်တွန်း

<p>ဉာဏ်ရည်တု (AI) နည်းပညာ အလျင်အမြန် တိုးတက်လာနေတာကို ရင်ဆိုင်ဖို့ ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ ပြင်ဆင်မှု အားနည်းနေတယ်လို့</p>

ဉာဏ်ရည်တု (AI) နည်းပညာ အလျင်အမြန် တိုးတက်လာနေတာကို ရင်ဆိုင်ဖို့ ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ ပြင်ဆင်မှု အားနည်းနေတယ်လို့ ဘီလ်ဂိတ်က သတိပေးလိုက်ပါတယ်။ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ အစိုးရတွေဟာ AI နည်းပညာရဲ့ နောက်မှာ အများကြီး ကျန်ရစ်နေပြီး အလုပ်အကိုင် ပျောက်ဆုံးမှုတွေ၊ ဆိုက်ဘာလုံခြုံရေး အန္တရာယ်တွေနဲ့ ပတ်သက်လို့ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

Governments worldwide are way behind on AI, says Bill Gates

AI နည်းပညာကို ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ ပိုမိုအသုံးပြုနိုင်ဖို့အတွက် Gates Foundation ကနေ လာမယ့် နှစ်နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ အစီအစဉ်ဟာ နည်းပညာ အလှမ်းဝေးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေနဲ့ တောင်သူတွေအတွက် AI ကိရိယာတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဘာသာစကား ပိုမိုစုံလင်စွာ အသုံးပြုနိုင်အောင်လည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။Bill Gates Urges AI Equity as Foundation Pledges $1 Billion - Bloomberg

ဘီလ်ဂိတ်က AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်ပစ်ဖို့ တောင်းဆိုနေတာ မဟုတ်ဘဲ အစိုးရတွေ အနေနဲ့ နည်းပညာနဲ့ အမီလိုက်နိုင်အောင် ကြိုးစားပြီး အကျိုးကျေးဇူးတွေရော ဆိုးကျိုးတွေအတွက်ပါ ပြင်ဆင်ထားဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com