MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သိန်း ၅၀၀ ကျော်တန်ကြေးရှိ မက်ဆီ နဲ့ ရော်နယ်ဒို ဖုန်းတွေ လာပြီ
News
news၂၀၂၆ ဇူလိုင် ၁၈

သိန်း ၅၀၀ ကျော်တန်ကြေးရှိ မက်ဆီ နဲ့ ရော်နယ်ဒို ဖုန်းတွေ လာပြီ

<p>အီလက်ထရွန်နစ်ပစ္စည်းတွေကို ရွှေ၊ အဖိုးတန်သတ္တုတွေနဲ့ မွမ်းမံပြင်ဆင်ပေးလေ့ရှိတဲ့ Caviar ကုမ္ပဏီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အချိန်ကိုက်ပြီး”Legends” လို့</p>

အီလက်ထရွန်နစ်ပစ္စည်းတွေကို ရွှေ၊ အဖိုးတန်သတ္တုတွေနဲ့ မွမ်းမံပြင်ဆင်ပေးလေ့ရှိတဲ့ Caviar ကုမ္ပဏီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အချိန်ကိုက်ပြီး”Legends” လို့ အမည်ရတဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။

လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ထွက်ရှိမယ့် Samsung Galaxy Z Fold 8 Ultra နဲ့ လက်ရှိ Apple ရဲ့ ထိပ်တန်းဖုန်းဖြစ်တဲ့ iPhone 17 Pro တို့ကို အထူးဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Caviar Messi and Ronaldo editions

အဲဒီ ဖုန်းဒီဇိုင်းတွေကို နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

မက်ဆီဗားရှင်းအတွက် မထွက်ရှိသေးတဲ့ Samsung Galaxy Z Fold 8 Ultra ကို အသုံးပြုထားပြီး အာဂျင်တီးနားအသင်းရဲ့ အဖြူနဲ့ အပြာရောင်တွေ၊ ဂျာစီနံပါတ် ၁၀ နဲ့ မက်ဆီရဲ့ ပုံတူကို ထည့်သွင်းထားပါတယ်။

ရော်နယ်ဒိုဗားရှင်းကိုတော့ iPhone 17 Pro နဲ့ Pro Max တို့ကို အသုံးပြုပြီး ပေါ်တူဂီအသင်းရဲ့ အနီနဲ့ အစိမ်းရောင်တွေ၊ နံပါတ် ၇ နဲ့ ပေါ်တူဂီနိုင်ငံတံဆိပ်တို့နဲ့ ပုံဖော်ထားပါတယ်။

Caviar Messi and Ronaldo editions

ဖုန်းနှစ်မျိုးလုံးရဲ့ ဘောင်တွေနဲ့ အနားသတ်တွေကို ၂၄ ကာရက်ရွှေနဲ့ စီခြယ်ထားပြီး ဒီဇိုင်းတစ်ခုစီအတွက် ၁၉ လုံးစီပဲ ကန့်သတ်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ မက်ဆီဗားရှင်း (256GB) ကို ကန်ဒေါ်လာ ၁၃,၁၃၀ ကနေ စတင်မှာဖြစ်ပြီး ရော်နယ်ဒိုဗားရှင်း (256GB) ကိုတော့ ကန်ဒေါ်လာ ၁၁,၄၁၀ ကနေ စတင်မှာ ဖြစ်ပါတယ်။

Ref: Gizmochina

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com