MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး စက်ရုပ်တွေပဲ ဝန်ဆောင်မှုပေးမယ့် ဟိုတယ်တစ်ခု ဖွင့်လှစ်တော့မည်
News
news၂၀၂၆ ဇွန် ၂၇

တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး စက်ရုပ်တွေပဲ ဝန်ဆောင်မှုပေးမယ့် ဟိုတယ်တစ်ခု ဖွင့်လှစ်တော့မည်

<p>တရုတ်နိုင်ငံ ရှန်ကျန်း-ကျုံးရှန်း ပေါင်းကူးတံတားရဲ့ အနောက်ဘက် လူလုပ်ကျွန်း (West Artificial Island) မှာ လူသားဝန်ထမ်း</p>

တရုတ်နိုင်ငံ ရှန်ကျန်း-ကျုံးရှန်း ပေါင်းကူးတံတားရဲ့ အနောက်ဘက် လူလုပ်ကျွန်း (West Artificial Island) မှာ လူသားဝန်ထမ်း တစ်ဦးမှမရှိဘဲ စက်ရုပ်တွေနဲ့ပဲ ရာနှုန်းပြည့် လည်ပတ်မယ့် ကမ္ဘာ့ပထမဆုံး ဟိုတယ်တစ်ခုကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဟိုတယ်မှာ စားသောက်ဆိုင်၊ အားကစားခန်းမနဲ့ ခေတ်မှီဧည့်သည်အသုံးအဆောင် အဆောက်အအုံတွေ စုံစုံလင်လင် ပါဝင်မှာ ဖြစ်ပါတယ်။

ပုံမှန်ဟိုတယ်တွေလို လူသားဝန်ထမ်းတွေ နေရာမှာ Pudu Robotics ကုမ္ပဏီထုတ် အဆင့်မြင့်စက်ရုပ်တွေကို အစားထိုး အသုံးပြုသွားမှာ ဖြစ်ပြီး အဲဒီစက်ရုပ်တွေကပဲ ဧည့်ကြိုတာ၊ အိတ်သယ်ပေးတာ၊ အခန်းတွင်း ဝန်ဆောင်မှုပေးတာ၊ အစားအသောက် ပို့တာ၊ သန့်ရှင်းရေးလုပ်တာအပြင် လုံခြုံရေး ကင်းလှည့်တာနဲ့ ဧည့်သည်တွေကို လမ်းညွှန်ကူညီပေးတဲ့ လုပ်ငန်းတွေကိုပါ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

World's first all-robot hotel to open in China

အဲဒီဟိုတယ်ကို အဆင့်လိုက် ခွဲခြားဖွင့်လှစ်သွားမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အစောပိုင်းမှာ အပြည့်အဝ မဖွင့်လှစ်ခင် အခု ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာတင် စမ်းသပ်လည်ပတ်မှုတွေကို စတင်ပြီး ဧည့်သည်တွေကို ကြိုဆိုသွားမှာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ အဲဒီလူလုပ်ကျွန်းကို တရုတ်နိုင်ငံ Greater Bay Area ရဲ့ စက်ရုပ်နည်းပညာနဲ့ နည်းပညာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အသွင်ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားတဲ့ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

World's first all-robot hotel to open in China

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com