MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်မှာ လူတူစက်ရုပ်တွေကို စက်ရုပ်တွေက ပြန်ထုတ်လုပ်နေပြီ
News
news၂၀၂၆ စက်တင်ဘာ ၁၅

တရုတ်မှာ လူတူစက်ရုပ်တွေကို စက်ရုပ်တွေက ပြန်ထုတ်လုပ်နေပြီ

<p>စက်ရုပ်တွေက စက်ရုပ်တွေကို ပြန်ထုတ်လုပ်နေပြီဆိုတဲ့ သိပ္ပံရုပ်ရှင်တွေထဲက ဇာတ်လမ်းတွေ တကယ်ဖြစ်လာပါပြီ။ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ XPENG ဟာ ဂွမ်ကျိုးမြို့မှာရှိတဲ့</p>

စက်ရုပ်တွေက စက်ရုပ်တွေကို ပြန်ထုတ်လုပ်နေပြီဆိုတဲ့ သိပ္ပံရုပ်ရှင်တွေထဲက ဇာတ်လမ်းတွေ တကယ်ဖြစ်လာပါပြီ။ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ XPENG ဟာ ဂွမ်ကျိုးမြို့မှာရှိတဲ့ အလိုအလျောက်စက်ရုံသစ်ကြီးမှာ IRON လို့အမည်ရတဲ့ လူတူစက်ရုပ်တွေကို စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီစက်ရုံရဲ့ အဓိကလုပ်ငန်းစဉ် ၈၀ ရာခိုင်နှုန်းကျော်ကို လူသားတွေမပါဝင်ဘဲ အလိုအလျောက်စနစ်နဲ့ လည်ပတ်နေတာဖြစ်ပြီး အဆင့်မြင့်လူတူစက်ရုပ်တွေအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက်ထုတ်လုပ်မှုလိုင်းလို့ ကုမ္ပဏီဘက်က ဂုဏ်ယူစွာ ပြောဆိုထားပါတယ်။ အံ့သြစရာအကောင်းဆုံးကတော့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ IRON စက်ရုပ်ဟာ တပ်ဆင်ပြီးတာနဲ့ ထုတ်လုပ်မှုလိုင်းပေါ်ကနေ သူ့ဘာသာလမ်းလျှောက်ထွက်လာတာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

XPeng Bets Robots Will Be More Profitable Than Its Cars - WSJ

အရပ် ၁၇၃ စင်တီမီတာနဲ့ အလေးချိန် ၆၅ ကီလိုဂရမ်ရှိတဲ့ IRON စက်ရုပ်မှာ ရှုပ်ထွေးတဲ့လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့နဲ့ ပစ္စည်းတွေကို သေသေချာချာ ကိုင်တွယ်နိုင်ဖို့ လက်တစ်ဖက်စီမှာ ၂၁ မျိုးအပါအဝင် လွတ်လပ်စွာလှုပ်ရှားနိုင်မှု (degrees of freedom) ၇၆ မျိုးအထိ ပါဝင်ပါတယ်။ XPENG ဟာ ဒီစက်ရုပ်တွေကို ၂၀၂၆ ခုနှစ်အကုန်မှာ အမြောက်အမြားစတင်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ၂၀၂၇ ခုနှစ်မှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာဈေးကွက်တွေကို မရောင်းချခင် ကုမ္ပဏီရဲ့ ကိုယ်ပိုင်စတိုးဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေမှာ အရင်ဆုံး စမ်းသပ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

XPeng starts making IRON humanoids as Tesla Optimus faces delays

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာတင် XPENG ရဲ့ စက်ရုပ်လုပ်ငန်းဟာ ရန်ပုံငွေ ဒေါ်လာ သန်း ၉၀၀ ကျော်ရရှိခဲ့တာကြောင့် ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ အဲဒီ XPENG စက်ရုံသစ်ကြီးဟာ နည်းပညာကုမ္ပဏီတွေအနေနဲ့ လူတူစက်ရုပ်တွေကို စမ်းသပ်အဆင့်ကနေ နေ့စဉ်သုံးဖို့အတွက် အကြီးစားထုတ်လုပ်မှုဆီ ဘယ်လိုအရှိန်အဟုန်နဲ့ ကူးပြောင်းနေကြပြီလဲဆိုတာကို သိသိသာသာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com