MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ် စက်ရုပ်ကုမ္ပဏီက စက်ရုပ် ၁,၀၀၀ နီးပါးကို လုပ်ငန်းခွင်ထဲပို့တော့မည်
News
news၂၀၂၆ ဩဂုတ် ၂၁

တရုတ် စက်ရုပ်ကုမ္ပဏီက စက်ရုပ် ၁,၀၀၀ နီးပါးကို လုပ်ငန်းခွင်ထဲပို့တော့မည်

<p>တရုတ်နိုင်ငံက နာမည်ကြီး စက်ရုပ်နည်းပညာကုမ္ပဏီ RealMan Robotics  ဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ သိပ္ပံစိတ်ကူးယဉ်</p>

တရုတ်နိုင်ငံက နာမည်ကြီး စက်ရုပ်နည်းပညာကုမ္ပဏီ RealMan Robotics  ဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကလိုပဲ စက်ရုပ်ပေါင်း ၁၀၀၀ နီးပါးကို တကယ့်လုပ်ငန်းခွင်တွေထဲ တိုက်ရိုက်ချထားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီစက်ရုပ်တွေကို စားသောက်ဆိုင်တွေ၊ စက်ရုံတွေ၊ ဆေးဆိုင်တွေနဲ့ စစ်ဆေးရေးလုပ်ငန်းတွေမှာ တာဝန်ပေးသွားမှာဖြစ်ပြီး သူတို့ရဲ့ အဓိကတာဝန်ကတော့ ရုပ်ပိုင်းဆိုင်ရာ အလုပ်တွေကို လုပ်ဆောင်ရင်း AI နည်းပညာ ပိုမိုထက်မြက်လာစေဖို့ အချက်အလက်တွေ စုဆောင်းပေးဖို့ပဲ ဖြစ်ပါတယ်။

China's firm to deploy 1,000 robots into demanding real-world jobs

အံ့သြစရာအကောင်းဆုံးကတော့ အဲဒီစက်ရုပ်တွေဟာ အစားအစာ ပြင်ဆင်တာနဲ့ ဆေးဝါး ကိုင်တွယ်တာတွေကို လူသားတွေလိုပဲ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအနေနဲ့ စားသောက်ကုန် စက်ရုံတစ်ခုမှာဆိုရင် RealBOT စက်ရုပ်ဟာ တရုတ်ရိုးရာ ကောက်ညှင်းထုပ် ထုပ်တဲ့ လုပ်ငန်းစဉ် ၁၃ ချက်လုံးကို အမှားအယွင်းမရှိ ပြီးမြောက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ကျိုးမြို့မှာရှိတဲ့ သူတို့ရဲ့ စတုရန်းမီတာ ၃၀၀၀ ကျယ်ဝန်းတဲ့ စက်ရုံကြီးမှာလည်း RealBOT စက်ရုပ် ၁၅၀ ဟာ မတူညီတဲ့ လက်တွေ့လုပ်ငန်းပေါင်း ၁၀၀၀ ကျော်ကို နေ့စဉ် အလုပ်လုပ်ရင်း စမ်းသပ်နေကြပါတယ်။

China's firm to deploy 1,000 robots into demanding real-world jobs

ကုမ္ပဏီရဲ့ အဓိက ရည်မှန်းချက်ကတော့ စက်ရုပ်တွေကို ဓာတ်ခွဲခန်းတွေထဲမှာပဲ ပိတ်လှောင်မထားဘဲ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ပြင်ပကမ္ဘာရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ကြားပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားလုပ်သားတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်စရာတော့ မလိုသေးပါဘူး။ အခုလို စက်ရုပ် ၁၀၀၀ ချထားမယ့် အစီအစဉ်ဟာ လူတွေနေရာမှာ ချက်ချင်း အစားထိုးဖို့ မဟုတ်ဘဲ နည်းပညာပိုင်း ပိုမိုပြည့်စုံကောင်းမွန်လာအောင် အချက်အလက် စုဆောင်းလေ့လာဖို့အတွက်သာ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com