MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လူသားတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပြီး အဖော်ပြုပေးမယ့် ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် “UWORLD U1” ကို တရုတ်ကုမ္ပဏီ UBTECH မိတ်ဆက်
News
news၂၀၂၆ ဇူလိုင် ၂

လူသားတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပြီး အဖော်ပြုပေးမယ့် ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် “UWORLD U1” ကို တရုတ်ကုမ္ပဏီ UBTECH မိတ်ဆက်

<p>လူသားတွေကို အဖော်ပြုပေးမယ့် AI စက်ရုပ်တွေရဲ့ ခေတ်က မျှော်လင့်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။</p>

လူသားတွေကို အဖော်ပြုပေးမယ့် AI စက်ရုပ်တွေရဲ့ ခေတ်က မျှော်လင့်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

တရုတ်စက်ရုပ်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ UBTECH ဟာ အဖော်ပြုပေးဖို့ သီးသန့်ထုတ်လုပ်ထားပြီး အမြောက်အမြား ထုတ်လုပ်နိုင်မယ့် ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် “UWORLD U1” ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီလူတူစက်ရုပ်ဟာ လူသားတွေရဲ့ စိတ်ခံစားချက် ၂၀ ကျော်ကို အမှန်ကန်ဆုံး ခွဲခြားသိမြင်နိုင်စွမ်း ရှိပြီး သဘာဝကျကျ စကားပြောဆိုနိုင်မယ့်အပြင် အရင်က ပြောဆိုဆက်ဆံခဲ့ဖူးတာတွေကိုလည်း မှတ်မိနေပြီး တစ်ဦးချင်းစီရဲ့ အကြိုက်အတိုင်း စိတ်ကြိုက် အဖော်ပြုပေးနိုင်ပါတယ်။

UBTECH Launches UWORLD U1, the World's First Full-Size Mass-Produced Ultra-Bionic Humanoid Robot | The Straits Times

ဒီလူတူစက်ရုပ်မှာ တကယ့်လူသားတွေရဲ့ အရေပြားအတိုင်း သဘာဝကျတဲ့ ဓာတုအရေပြားနဲ့ ဖုံးအုပ်ထားကာ Lite၊ Pro နဲ့ Ultra ဆိုပြီး မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပါတယ်။

လက်ရှိမှာ ပထမဆုံး စက်ရုပ်တွေကို ဈေးကွက်ထဲ မဖြန့်ချိရသေးခင်မှာတင် ကြိုတင်မှာယူမှု ၁၁,၀၀၀ ကျော်အထိ ရရှိထားပြီး လာမယ့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ စတင် ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ မော်ဒယ်အမျိုးအစားပေါ် မူတည်ပြီး တရုတ်ယွမ်ငွေ ၁၁၉,၈၀၀ (အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ခန့်) ကနေ ယွမ်ငွေ ၉၉၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၇,၀၀၀ ခန့်) အထိ ရှိမှာ ဖြစ်ပါတယ်။

UBTECH Launches UWORLD U1, the World's First Full-Size Mass-Produced Ultra-Bionic Humanoid Robot | The Straits Times

UBTECH ကုမ္ပဏီအနေနဲ့ အခုလို အဖော်ပြုပေးမယ့် လူတူစက်ရုပ်တွေဟာ အနာဂတ်မှာ မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်တည်း နေထိုင်သူတွေကို ကူညီပေးရင်း အိမ်တိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ် ရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကုမ္ပဏီရဲ့ အဆိုအရ ဒီနည်းပညာဟာ လူသားတွေနဲ့ စက်ရုပ်တွေကြားက ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေဖို့ တွန်းအားပေးမယ့် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com