MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
၅ ဒသမ ၃ စက္ကန့်အတွင်း တစ်နာရီ ကီလိုမီတာ ၈၀၀ အမြန်နှုန်းရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ သံလိုက်ရထား
News
news၂၀၂၆ ဩဂုတ် ၁၂

၅ ဒသမ ၃ စက္ကန့်အတွင်း တစ်နာရီ ကီလိုမီတာ ၈၀၀ အမြန်နှုန်းရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ သံလိုက်ရထား

<p>တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာရှိတဲ့ East Lake Laboratory ဟာ အလေးချိန် ၁ ဒသမ ၁</p>

တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာရှိတဲ့ East Lake Laboratory ဟာ အလေးချိန် ၁ ဒသမ ၁ တန်ရှိတဲ့ သံလိုက်ရထား မော်ဒယ်ကို စမ်းသပ်ခဲ့ရာမှာ ၅ ဒသမ ၃ စက္ကန့်အတွင်း တစ်နာရီကို ကီလိုမီတာ ၈၀၀ အထိ အရှိန်တင်နိုင်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုကို မီတာ ၁၀၀၀ အရှည်ရှိတဲ့ စမ်းသပ်လမ်းကြောင်းပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မော်ဒယ်ဟာ မီတာ ၆၀၀ လောက်မှာ အမြင့်ဆုံးအမြန်နှုန်းကို ရောက်ရှိခဲ့ကာ ပြေးဆွဲမှုကို ၈ စက္ကန့်ဝန်းကျင်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

Laboratory in Central China's Hubei sets world record with 800 km/h maglev  breakthrough, boosting transport technology - Global Times

အဲဒီစနစ်ဟာ သံလိုက်စွမ်းအင်နဲ့ တွန်းကန်တဲ့စနစ်ကို အသုံးပြုထားတာကြောင့် ရိုးရိုးရထားဘီးတွေလို လမ်းကြောင်းနဲ့ မထိတွေ့ဘဲ ရွေ့လျားနိုင်တာဖြစ်ပါတယ်။ သုတေသီတွေဟာ လေခွင်းအားတည်ငြိမ်မှု၊ အချိန်ကြန့်ကြာမှုနည်းပါးတဲ့ ကြိုးမဲ့ဆက်သွယ်ရေးနဲ့ မော်တာတွေကို တိတိကျကျ ထိန်းချုပ်နိုင်ရေးစတဲ့ စိန်ခေါ်မှုတွေကိုလည်း အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ခဲ့ကြပါတယ်။

Fastest ever! China's Maglev test achieves 650 km/h in 7 seconds |  Mathrubhumi English

ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ အခုစမ်းသပ်မှုဟာ ခြောက်လအတွင်း East Lake Laboratory ရဲ့ တတိယမြောက် ကမ္ဘာ့စံချိန်တင်မှုဖြစ်တယ်လို့ သိရပါတယ်။ အရင်က ၂၀၂၅ ခုနှစ် ဇွန်လမှာ တစ်နာရီကို ၆၅၀ ကီလိုမီတာနဲ့ ဇူလိုင်လမှာ ၇၀၀ ကီလိုမီတာအထိ စမ်းသပ်နိုင်ခဲ့ပေမယ့် အခုစမ်းသပ်မှုဟာ ခရီးသည်တင်ရထားမဟုတ်ဘဲ မြန်နှုန်းမြင့် သံလိုက်ရထားနဲ့ လျှပ်စစ်သံလိုက် တွန်းကန်မှုနည်းပညာ သုတေသနရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စမ်းသပ်ခဲ့တဲ့ မော်ဒယ်တစ်ခုသာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com