MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ထရီလီယံနာ ကနေ ဘီလီယံနာ ဖြစ်သွားတဲ့ အီလွန်မက်စ်
News
news၂၀၂၆ ဩဂုတ် ၈

ထရီလီယံနာ ကနေ ဘီလီယံနာ ဖြစ်သွားတဲ့ အီလွန်မက်စ်

<p>ဇွန်လတုန်းကမှ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး ထရီလီယံနာအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ အီလွန်မက်စ်ရဲ့ ကြွယ်ဝမှုဟာ နှစ်လမပြည့်မီအချိန်မှာပဲ ဘီလီယံနာအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။</p>

ဇွန်လတုန်းကမှ ကမ္ဘာ့သမိုင်းမှာ ပထမဆုံး ထရီလီယံနာအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ အီလွန်မက်စ်ရဲ့ ကြွယ်ဝမှုဟာ နှစ်လမပြည့်မီအချိန်မှာပဲ ဘီလီယံနာအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ SpaceX ကုမ္ပဏီဟာ Nasdaq စတော့အိတ်ချိန်းမှာ တစ်ရှယ်ယာကို ဒေါ်လာ ၁၅၀ နဲ့ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုမ္ပဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၂ ထရီလီယံနီးပါးအထိ မြှင့်တက်ခဲ့တာကြောင့် Forbes မဂ္ဂဇင်းက မက်စ်ရဲ့ ပိုင်ဆိုင်မှုကို ဒေါ်လာ ၁.၁ ထရီလီယံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

The almighty Musk: How the world's richest man became Washington's most  powerful bureaucrat | CNN Politics

အဲဒီနောက် ဇွန်လ ၁၆ ရက်နေ့မှာတော့ မက်စ်ရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၁.၄၅ ထရီလီယံအထိ စံချိန်တင် အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ SpaceX ရှယ်ယာဈေးနှုန်းတွေ ပြင်းထန်စွာ ပြန်ကျသွားခဲ့တာကြောင့် ဇူလိုင်လ ၂၇ ရက်နေ့အရောက်မှာတော့ သူရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၆၉၅.၇ ဘီလီယံအထိ ထက်ဝက်နီးပါး လျော့ကျသွားခဲ့ပါတယ်။ Forbes ရဲ့ နောက်ဆုံး စတော့ဈေးနှုန်းအပြောင်းအလဲထုတ်ပြန်ချက်အရ မက်စ်ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၇၁၅.၆ ဘီလီယံဝန်းကျင်မှာ ရှိနေပြီး Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ စတော့ဈေးနှုန်းအပေါ် မူတည်ပြီး ဆက်လက်လှုပ်ခတ်နေပေမယ့် သူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

Elon Musk vs. Twitter: all the news about one of the biggest, messiest tech  deals ever | The Verge

အခုလို ဒေါ်လာ ဘီလီယံရာဂဏန်းပေါင်းများစွာ ရိုလာကိုစတာစီးသလို ထိခိုက်လှုပ်ခတ်သွားရတာဟာ မက်စ်ရဲ့ ကြွယ်ဝမှု အများစုဟာ ဘဏ်အကောင့်ထဲက ငွေသားတွေမဟုတ်ဘဲ SpaceX နဲ့ Tesla တို့လို စတော့ရှယ်ယာ တန်ဖိုးဖြတ်မှုတွေပေါ်မှာ အဓိက မှီတည်နေတာကြောင့် ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com