MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အနာဂတ် ကျန်းမာရေးကဏ္ဍကို အသွင်ပြောင်းမယ့် အီလွန်မတ်စ်ရဲ့ လူတူစက်ရုပ်နဲ့ AI နည်းပညာ
News
news၂၀၂၆ ဩဂုတ် ၂၅

အနာဂတ် ကျန်းမာရေးကဏ္ဍကို အသွင်ပြောင်းမယ့် အီလွန်မတ်စ်ရဲ့ လူတူစက်ရုပ်နဲ့ AI နည်းပညာ

<p>အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို AI နည်းပညာနဲ့ လူတူစက်ရုပ်တွေက အံ့မခန်းပြောင်းလဲပစ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ အီလွန်မတ်စ်ကတော့ သူရဲ့ အော့ပ်တီမတ်စ် (Optimus)</p>

အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို AI နည်းပညာနဲ့ လူတူစက်ရုပ်တွေက အံ့မခန်းပြောင်းလဲပစ်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ အီလွန်မတ်စ်ကတော့ သူရဲ့ အော့ပ်တီမတ်စ် (Optimus) လူတူစက်ရုပ်နဲ့ ဂရော့ခ် (Grok) AI တို့ ပေါင်းစပ်လိုက်ရင် ကမ္ဘာပေါ်က လူသားအားလုံးအတွက် အကောင်းဆုံး ဆေးဝါးကုသမှုတွေ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Elon Musk Predicts World With More Robots Than Humans | Yellow

အထူးသဖြင့် အမေရိကန်နိုင်ငံလို ဆရာဝန်ရှားပါးတဲ့ ဒေသတွေမှာ နေထိုင်သူ သန်း ၁၀၀ နီးပါးရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုစရိတ် အလွန်မြင့်မားနေတဲ့ နိုင်ငံအတွက် အဲဒီ အစီအစဉ်က ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဆေးရုံတွေမှာ ဝန်ထမ်းမလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့ အော့ပ်တီမတ်စ် လူတူစက်ရုပ်တွေက ရောဂါရှာဖွေတာ၊ လူနာစောင့်ကြည့်တာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ကျန်းမာရေးကဏ္ဍမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။

Musk says medical school is 'pointless'. But his robot surgery vision  misses a truth - India Today

လူတူစက်ရုပ်တွေရဲ့ အားသာချက်ကတော့ ပင်ပန်းနွမ်းနယ်တာမျိုး မရှိသလို သပိတ်မှောက်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အလိုအပ်ဆုံး ဒေသတွေမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ AI နဲ့ လူတူစက်ရုပ်တွေက ဆေးလောကကို တကယ်ပဲ ကယ်တင်နိုင်မလား ဒါမှမဟုတ် အီလွန်မတ်စ်ရဲ့ မျှော်မှန်းချက်က ကြီးမားလွန်းနေသလား ဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် စိတ်ဝင်စားဖွယ် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

Ref : AI Insider

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com