MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI နည်းပညာဟာ နောက် ၅ နှစ်အတွင်း လူသားအားလုံးရဲ့ စုစုပေါင်း ဉာဏ်ရည်ကို ကျော်လွန်သွားနိုင်တယ်လို့ အီလွန်မတ်စ်ခ် ပြော
News
news၂၀၂၆ ဇူလိုင် ၂၇

AI နည်းပညာဟာ နောက် ၅ နှစ်အတွင်း လူသားအားလုံးရဲ့ စုစုပေါင်း ဉာဏ်ရည်ကို ကျော်လွန်သွားနိုင်တယ်လို့ အီလွန်မတ်စ်ခ် ပြော

<p>AI နည်းပညာဟာ နောက် ၅ နှစ်အတွင်း လူသားအားလုံးရဲ့ စုစုပေါင်း ဉာဏ်ရည်ကို ကျော်လွန်သွားနိုင်တယ်လို့ အီလွန်မတ်စ်ခ်က</p>

AI နည်းပညာဟာ နောက် ၅ နှစ်အတွင်း လူသားအားလုံးရဲ့ စုစုပေါင်း ဉာဏ်ရည်ကို ကျော်လွန်သွားနိုင်တယ်လို့ အီလွန်မတ်စ်ခ်က ပြောလိုက်ပါတယ်။

AI ဟာ သမိုင်းမှာ အကြီးမားဆုံး ပြောင်းလဲမှုတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့ နည်းပညာတစ်ခု ဖြစ်ပြီး အကျိုးကျေးဇူး အမြောက်အမြား ပေးနိုင်သလို လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုတွေထက် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာရင် အန္တရာယ်ကြီးမားနိုင်တယ်လို့လည်း The Economist နဲ့ အင်တာဗျူးမှာ သတိပေးခဲ့ပါတယ်။

နည်းပညာတွေ ပိုမိုမြင့်မားလာတာနဲ့အမျှ အနာဂတ်မှာ လူသားတွေအနေနဲ့ AI စနစ်တွေအပေါ် ထိန်းချုပ်ခွင့် ဆုံးရှုံးသွားနိုင်တယ်လို့လည်း အီလွန်မတ်စ်ခ်က ဆိုပါတယ်။

Elon Musk says AI could surpass the combined intelligence of humanity within five years

ဒီလို အန္တရာယ်တွေကို လျှော့ချဖို့အတွက် ထိပ်သီး AI ကုမ္ပဏီတွေအနေနဲ့ မော်ဒယ်သစ်တွေကို အများပြည်သူထံ မထုတ်ပြန်မီ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စစ်ဆေးသုံးသပ်ကြမယ့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ပုံမှန်ပြုလုပ်သင့်တယ်လို့ မတ်စ်ခ်က တိုက်တွန်းထားပါတယ်။

ပြိုင်ဘက် ကုမ္ပဏီတွေဟာ လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ ပြဿနာတွေကို ပူးပေါင်းရှာဖွေ ဖြေရှင်းသင့်ပြီး ကုမ္ပဏီတွေဘက်က စိုးရိမ်စရာ ကိစ္စတွေကို မဖြေရှင်းနိုင်မှသာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုမျိုး ရှိသင့်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

Elon Musk says AI could surpass all human intelligence within five years - Nairametrics

ဒါ့အပြင် OpenAI ရဲ့ CEO ဆမ်အာ့တ်မန်းနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ ပြည်သူ့အကျိုးစီးပွားအတွက် ဆိုရင်တော့ AI ပညာရှင်တွေနဲ့ တီထွင်သူတွေဟာ ဘေးကင်းလုံခြုံရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ မတ်စ်ခ်က ပြောခဲ့ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com