MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Elon Musk နဲ့ ပြိုင်ဘက် Lei Jun တို့ တရုတ်နိုင်ငံတော်ညစာစားပွဲမှာ ဆယ်လ်ဖီတွဲရိုက်
News
news၂၀၂၆ မေ ၁၅

Elon Musk နဲ့ ပြိုင်ဘက် Lei Jun တို့ တရုတ်နိုင်ငံတော်ညစာစားပွဲမှာ ဆယ်လ်ဖီတွဲရိုက်

<p>တရုတ်နိုင်ငံရဲ့ Great Hall of the People မှာ ကျင်းပတဲ့ နိုင်ငံတော်ညစာစားပွဲမှာ Tesla</p>

တရုတ်နိုင်ငံရဲ့ Great Hall of the People မှာ ကျင်းပတဲ့ နိုင်ငံတော်ညစာစားပွဲမှာ Tesla စီအီးအို Elon Musk နဲ့ Xiaomi တည်ထောင်သူ လေကျွင်း (Lei Jun) တို့ ဆုံတွေ့ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ လေကျွင်းဟာ Elon Musk နားကို ချဉ်းကပ်သွားပြီး ဓာတ်ပုံတွဲရိုက်ဖို့အတွက် ဒူးထောက်ထိုင်ကာ ဆယ်လ်ဖီရိုက်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Musk ကတော့ ကင်မရာကိုကြည့်ပြီး စိတ်ပျက်နေတဲ့ အမူအရာမျိုး ပြသနေခဲ့တာကလည်း လူပြောများစရာ ဖြစ်ခဲ့ပါတယ်။

Musk Can't Sit Still: Tesla Suddenly Raises Prices to Counter Lei Jun, News Hits Top of Hot Search List

Xiaomi တည်ထောင်သူ လေကျွင်းဟာ Elon Musk ကို လေးစားအားကျသူဖြစ်သလို ၂၀၁၇ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ Tesla ကားကို ဦးဆုံးဝယ်ယူစီးသူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

အခုအခါမှာတော့ လေကျွင်းရဲ့ Xiaomi ကုမ္ပဏီဟာ လျှပ်စစ်ကား (EV) ဈေးကွက်ထဲကို ၂၀၂၁ ခုနှစ်ကစပြီး ရင်းနှီးမြှုပ်နှံ ဝင်ရောက်လာခဲ့ပြီး Tesla ရဲ့ Model Y နဲ့ အပြိုင်ဖြစ်လာမယ့် ကားမော်ဒယ်တွေကို ထုတ်လုပ်ကာ ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွဲရိုက်တဲ့ အကြောင်းအရာဟာ တရုတ်လူမှုကွန်ရက် Weibo မှာလည်း  လူပြောများနေပါတယ်။

Elon Musk Takes Selfie With Rival Chinese EV Billionaire Lei Jun

ဒီဘီလျံနာနှစ်ဦးရဲ့ ကြွယ်ဝချမ်းသာမှုကို ကြည့်မယ်ဆိုရင် Elon Musk ဟာ ပိုင်ဆိုင်မှု အသားတင်တန်ဖိုး ဒေါ်လာ ၈၂၈.၅ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပါတယ်။ လေကျွင်းကတော့ ပိုင်ဆိုင်မှု အသားတင်တန်ဖိုး ဒေါ်လာ ၂၅.၄ ဘီလီယံရှိပြီး ကမ္ဘာ့အဆင့် ၁၀၂ ရှိတဲ့ ချမ်းသာသူတစ်ဦး ဖြစ်ပါတယ်။

Musk ဟာ အခု တရုတ်ခရီးစဉ်အတွင်းမှာလည်း သူ့ရဲ့သားဖြစ်သူ မန်ဒရင်ဘာသာစကား သင်ယူနေတဲ့အကြောင်းကို X လူမှုကွန်ရက်မှာ တရုတ်ဘာသာစကားနဲ့ ပြန်လည်ဖြေကြားတာမျိုးတွေ လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Ref: Forbes

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com