MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီလွန်မတ်စ် က ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦးကို တည်ဆောက်ဖို့ စီစဉ်နေ
News
news၂၀၂၆ ဩဂုတ် ၁၉

အီလွန်မတ်စ် က ကမ္ဘာ့အကြီးမားဆုံး အဆောက်အဦးကို တည်ဆောက်ဖို့ စီစဉ်နေ

<p>အီလွန်မတ်စ်ရဲ့ SpaceX နဲ့ Tesla ကုမ္ပဏီတွေဟာ တက္ကဆက်ပြည်နယ်မှာ Terafab လို့ခေါ်တဲ့ ဧရာမ ချစ်ပ်ပြားထုတ်လုပ်ရေးစက်ရုံကြီးတစ်ခုကို</p>

အီလွန်မတ်စ်ရဲ့ SpaceX နဲ့ Tesla ကုမ္ပဏီတွေဟာ တက္ကဆက်ပြည်နယ်မှာ Terafab လို့ခေါ်တဲ့ ဧရာမ ချစ်ပ်ပြားထုတ်လုပ်ရေးစက်ရုံကြီးတစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒီစီမံကိန်းရဲ့ ပထမအဆင့်အတွက် ကန်ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံကျော် ကုန်ကျမှာဖြစ်ပြီး စတုရန်းပေ သန်း ၁၀၀ ကျော် ကျယ်ဝန်းမှာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ ကြမ်းခင်းဧရိယာအကျယ်ဆုံး အဆောက်အအုံကြီး ဖြစ်လာနိုင်ပါတယ်။

Tesla and SpaceX will invest $16.8B to start building 'Terafab' chip  factory in Texas | TechCrunch

အဲဒီစက်ရုံမှာ အဆင့်မြင့်ချစ်ပ်ပြားတွေ၊ မန်မိုရီတွေနဲ့ ချစ်ပ်ထုပ်ပိုးမှုလုပ်ငန်းစဉ်တွေကို နေရာတစ်စုတည်းမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ချစ်ပ်တွေကို Tesla ရဲ့ Optimus စက်ရုပ်တွေ၊ Cybercab တွေနဲ့ တခြား AI စနစ်တွေအပြင် SpaceX ရဲ့ အာကာသအခြေပြု AI နည်းပညာတွေမှာ အသုံးပြုသွားမှာပါ။ ဒီစီမံကိန်းမှာ Intel ကလည်း ပူးပေါင်းပါဝင်ထားပြီး ချစ်ပ်ဒီဇိုင်းနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာတွေကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

SpaceX may spend up to $119B on 'Terafab' chip factory in Texas | TechCrunch

ဒီစီမံကိန်းကနေ အလုပ်အကိုင်အခွင့်အလမ်း ၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မှာဖြစ်ပြီး တစ်နှစ်ကို ကွန်ပျူတာစွမ်းရည် 1 terawatt ကျော်အထိ ပံ့ပိုးပေးနိုင်မယ့် ချစ်ပ်တွေ ထုတ်လုပ်ဖို့ ရေရှည်ရည်မှန်းထားပါတယ်။ တက္ကဆက်ပြည်နယ်အစိုးရကလည်း ဒီစီမံကိန်းအတွက် ဒေါ်လာ သန်း ၃၀ ထောက်ပံ့ပေးထားပြီး စက်ရုံလည်ပတ်ဖို့အတွက် ဒေသတွင်း မြေအောက်ရေကို အသုံးမပြုဘဲ ရေလှောင်တမံက ရေကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com