Facebook ရဲ့ လုံခြုံရေးစနစ်တွေကို သူများထက်ပိုသိတဲ့ London က Meta အင်ဂျင်နီယာဟောင်းတစ်ယောက်ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ (Private) ဓာတ်ပုံပေါင်း ၃၀,၀၀၀ ကျော်ကို ခိုးယူခဲ့လို့ အခုတော့ ရဲလက်ထဲ ရောက်သွားပါပြီ။ ကုမ္ပဏီရဲ့ အတွင်းပိုင်းလုံခြုံရေးတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သူက ကောင်းကောင်းသိနေတာပါ။

Former Meta engineer probed over 30,000 private Facebook photos

ဒီအင်ဂျင်နီယာဟာ သာမန်လူတွေ မြင်ခွင့်မရှိတဲ့ Private ပုံတွေကို ဆွဲထုတ်နိုင်မယ့် ပရိုဂရမ်တစ်ခုကို ကိုယ်တိုင်ရေးဆွဲပြီး ခိုးယူခဲ့တာ ဖြစ်ပါတယ်။ Meta ဘက်က ဒါကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ရိပ်မိသွားပြီး အဲဒီဝန်ထမ်းကို ချက်ချင်းအလုပ်ထုတ်ကာ FBI နဲ့ ဗြိတိန်ရဲတပ်ဖွဲ့  ဆီ အမှုအပ်ခဲ့ပါတယ်။ တရားခံကို ၂၀၂၅ နိုဝင်ဘာမှာ ဖမ်းဆီးခဲ့ပြီး လာမယ့် ၂၀၂၆ မေလမှာတော့ ရဲစခန်းမှာ ထပ်မံအစစ်ခံရဖို့ ရှိနေပါတယ်။

F8 2019 Day 1 keynote and session videos - Engineering at Meta

တကယ်တော့ Meta ကုမ္ပဏီဟာ အချက်အလက်လုံခြုံမှု အားနည်းချက်တွေကြောင့် နာမည်ပျက်နဲ့ ဒဏ်ကြေးတွေ ခဏခဏ ကြုံနေရတာပါ။ ၂၀၂၂ ကနေ ၂၀၂၄ အတွင်းမှာတင် အသုံးပြုသူ သန်းပေါင်းများစွာရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့လို့ ဥရောပမှာ ယူရို ၃၅၆ သန်းကျော် ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။ ဒါတင်မကသေးဘဲ သူတို့ရဲ့ လူမှုကွန်ရက်ဒီဇိုင်းတွေက လူငယ်တွေအတွက် စိတ်မချရဘူးဆိုတဲ့ စွဲချက်နဲ့လည်း ဒေါ်လာသန်းချီ လျော်ကြေးပေးဖို့ တရားရုံးက ဆုံးဖြတ်ထားတာမျိုးတွေ ရှိနေပါတယ်။

အခုဖြစ်ရပ်က နည်းပညာကုမ္ပဏီကြီးတွေအတွက် “အပြင်ရန်ထက် အတွင်းရန်” က ပိုကြောက်ဖို့ကောင်းတယ်ဆိုတာကို သတိပေးလိုက်တာပါပဲ။ အပြင်က Hacker တွေကို တားဖို့ ခံတပ်တွေ အထပ်ထပ် ဆောက်ထားပေမဲ့ ခံတပ်ထဲက သော့ကိုင်ထားတဲ့ ဝန်ထမ်းကိုယ်တိုင်က အလွဲသုံးစားလုပ်ရင် တားဖို့ တော်တော်ခက်ခဲတာကို ပြနေပါတယ်။ ခိုးယူခံလိုက်ရတဲ့ ပုံတွေဟာ အပြင်လောကထဲ ရောက်သွားပြီဖြစ်လို့ ကာယကံရှင်တွေအတွက်တော့ Meta ရဲ့ တောင်းပန်စကားဟာ အဖတ်ဆယ်ဖို့ ခက်ခဲနေပါတော့တယ်။

Ref: thenextweb