MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Google ရဲ့ Gemini နည်းပညာနဲ့ Siri တစ်ကျော့ပြန် အစွမ်းပြတော့မယ်
News
news၂၀၂၆ ဧပြီ ၂၈

Google ရဲ့ Gemini နည်းပညာနဲ့ Siri တစ်ကျော့ပြန် အစွမ်းပြတော့မယ်

<p>Apple နဲ့ Google တို့ရဲ့ လက်တွဲမှုဟာ အရှိန်ရလာပြီး Gemini AI နည်းပညာကို အသုံးပြုထားတဲ့</p>

Apple နဲ့ Google တို့ရဲ့ လက်တွဲမှုဟာ အရှိန်ရလာပြီး Gemini AI နည်းပညာကို အသုံးပြုထားတဲ့ အဆင့်မြင့် Siri ကို ၂၀၂၆ ခုနှစ်မှာ မြင်တွေ့ရတော့မယ်လို့ Google ဘက်က အတည်ပြုလိုက်ပါတယ်။

Google Cloud ရဲ့ CEO Thomas Kurian က Apple ဟာ သူတို့ရဲ့ အဓိကမိတ်ဖက်ဖြစ်ပြီး Gemini ရဲ့ စွမ်းပကားနဲ့ ပိုပြီးကိုယ်ပိုင်ဆန်တဲ့ Siri ကို ဖန်တီးနေတယ်လို့ ပြောသွားတာပါ။ ဒီထက်မြက်တဲ့ Siri အသစ်ကို ဇွန်လမှာကျင်းပမယ့် WWDC 2026 ပွဲမှာ တရားဝင်မိတ်ဆက်လာဖို့ ရှိနေပါတယ်။

ဒီ Siri အသစ်ဟာ အရင်လို အမိန့်ပေးတာလောက်ပဲ မဟုတ်တော့ဘဲ ဖုန်းမျက်နှာပြင်ပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကိုပါ နားလည်နိုင်စွမ်း (Context-aware) ရှိလာမှာ ဖြစ်ပါတယ်။

အက်ပ်တွေထဲက အချက်အလက်တွေကို ကြည့်ပြီး အခြေအနေနဲ့ကိုက်ညီအောင် တုံ့ပြန်ပေးနိုင်မှာ ဖြစ်တာကြောင့် Apple အနေနဲ့ Google ကို တစ်နှစ်ကို ဒေါ်လာ ၁ ဘီလီယံလောက်အထိ ပေးချေရမယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ Apple အတွက် ကုန်ကျစရိတ်များပေမဲ့ AI လောကမှာ ပြိုင်ဘက်တွေကို အမီလိုက်ဖို့ အကောင်းဆုံး ဖြတ်လမ်းတစ်ခုပါပဲ။

Google Confirms Gemini-Powered Siri Coming Later This Year - MacRumors

သုံးစွဲသူတွေရဲ့ Privacy အတွက်လည်း Apple က အလျှော့ပေးမှာ မဟုတ်ပါဘူး။ Google ရဲ့ နည်းပညာကို ယူသုံးပေမဲ့ အချက်အလက်တွေကိုတော့ Apple ရဲ့ ကိုယ်ပိုင်ဆာဗာတွေပေါ်မှာပဲ လုံလုံခြုံခြုံ သိမ်းဆည်းသွားမှာပါ။

ဒါ့အပြင် Gemini ရဲ့ ကြီးမားတဲ့ နည်းပညာတွေကို iPhone ပေါ်မှာတင် တိုက်ရိုက်အလုပ်လုပ်နိုင်အောင် သေးငယ်တဲ့ Model အဖြစ် ပြောင်းလဲဖန်တီးနေတာကြောင့် Siri ဟာ အရင်ကထက် ပိုမြန်၊ ပိုထက်မြက်တဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်တစ်ခု ဖြစ်လာတော့မှာပါ။

Ref: Appleinsider

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com