MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple နဲ့ Tesla ရဲ့ လျှို့ဝှက်ချက်များ Dark Web ပေါ်ရောက်သွားစေခဲ့တဲ့ ဟက်ကာတိုက်ခိုက်မှု
News
news၂၀၂၆ ဇွန် ၂၈

Apple နဲ့ Tesla ရဲ့ လျှို့ဝှက်ချက်များ Dark Web ပေါ်ရောက်သွားစေခဲ့တဲ့ ဟက်ကာတိုက်ခိုက်မှု

<p>အိုင်ဖုန်းထုတ်လုပ်ရေးမှာ အဓိကကျတဲ့ အိန္ဒိယအခြေစိုက် Tata Electronics ကုမ္ပဏီဟာ ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး Apple</p>

အိုင်ဖုန်းထုတ်လုပ်ရေးမှာ အဓိကကျတဲ့ အိန္ဒိယအခြေစိုက် Tata Electronics ကုမ္ပဏီဟာ ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး Apple နဲ့ Tesla လိုမျိုး နည်းပညာကုမ္ပဏီကြီးတွေရဲ့ လျှို့ဝှက်အချက်အလက်တွေ ခိုးယူခံလိုက်ရပါတယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲဒီလို ပေါက်ကြားသွားတဲ့အတွက် ကုမ္ပဏီတွင်းက အရေးကြီးစနစ်တွေကို ဝင်ရောက်အသုံးပြုခွင့်တွေကို ချက်ချင်းကန့်သတ်လိုက်ရပြီး စုံစမ်းစစ်ဆေးမှုတွေ အရေးပေါ်လုပ်ဆောင်နေရပါတယ်။

Photo: 123RF

Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟက်ကာတွေဟာ ဖိုင်တွဲပေါင်း ၂ သိန်းကျော် (စုစုပေါင်း အချက်အလက်ပမာဏ 630 Gigabytes ဝန်းကျင်) ကို ခိုးယူပြီး Dark Web ပေါ်မှာ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချက်အလက်တွေထဲမှာ Apple ရဲ့ ဟာ့ဒ်ဝဲအသေးစိတ်အချက်အလက်တွေ၊ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ အနာဂတ်ထုတ်ကုန်အစီအစဉ်တွေ ပါဝင်နေတဲ့အတွက် ကုမ္ပဏီကြီးတွေအတွက် စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။

India's Tata Electronics hit by cyber breach claiming to expose Apple, Tesla trade secrets - CNA

အခုဖြစ်ရပ်ကြောင့် Tata Electronics ဟာ အခြေအနေကို စစ်ဆေးဖို့ ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ဦးကို ငှားရမ်းထားသလို ဖြစ်စဉ်ကို ဖောက်သည်တွေနဲ့ အိန္ဒိယအစိုးရဆီကိုလည်း အကြောင်းကြားထားပါတယ်။

အခုလို ပြင်ပထုတ်လုပ်ရေးမိတ်ဖက်ကုမ္ပဏီတွေဆီကနေ အချက်အလက်တွေ ပေါက်ကြားသွားတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက် (Supply Chain) အတွင်းမှာ ရှိနေတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး နည်းပညာလောကမှာ စိုးရိမ်မှုတွေ ပိုတိုးလာနေပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com