MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန် လေဆိပ်မှာ လူတူစက်ရုပ်တွေ သုံးတော့မည်
News
news၂၀၂၆ ဧပြီ ၂၉

ဂျပန် လေဆိပ်မှာ လူတူစက်ရုပ်တွေ သုံးတော့မည်

<p>ဂျပန်နိုင်ငံရဲ့ အလုပ်အရှုပ်ဆုံး ဟာနီဒါလေဆိပ်မှာ မောပန်းနွမ်းနယ်မှုမရှိဘဲ အလုပ်လုပ်မယ့် ဝန်ထမ်းသစ်တွေ မေလကစပြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းသစ်တွေကတော့</p>

ဂျပန်နိုင်ငံရဲ့ အလုပ်အရှုပ်ဆုံး ဟာနီဒါလေဆိပ်မှာ မောပန်းနွမ်းနယ်မှုမရှိဘဲ အလုပ်လုပ်မယ့် ဝန်ထမ်းသစ်တွေ မေလကစပြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အဲဒီဝန်ထမ်းသစ်တွေကတော့ တရုတ်နိုင်ငံထုတ် Unitree အမျိုးအစား လူတူစက်ရုပ်တွေဖြစ်ပြီး ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေနဲ့ ကုန်စည်တွေကို သယ်ယူရွှေ့ပြောင်းပေးမယ့် တာဝန်ကို ယူကြမှာပါ။

ဒီစမ်းသပ်မှုဟာ ၂၀၂၈ ခုနှစ်အထိ ကြာမြင့်မှာဖြစ်ပြီး ဂျပန်လေကြောင်းလိုင်း (JAL) ကတော့ ဒါဟာ နိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ ဝန်ထမ်းရှားပါးမှုပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

Japan Airlines to test humanoid robots for airport ground handling work - The Japan Times

အခုလို လူတူစက်ရုပ်တွေကို အသုံးပြုရတဲ့ အဓိကအကြောင်းရင်းကတော့ ဂျပန်နိုင်ငံမှာ လူဦးရေ အိုမင်းမှုများလာပြီး လုပ်သားအင်အား ရှားပါးလာတာကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုက ၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်လအတွင်းမှာတင် ၇ သန်းကျော်အထိ စံချိန်တင်များပြားနေတာကြောင့် လေဆိပ်မြေပြင်လုပ်ငန်းတွေမှာ လူအင်အားနဲ့ မလောက်မငဖြစ်လာတာကို အဲဒီစက်ရုပ်တွေနဲ့ အစားထိုးကုစားဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

Humanoid robots take on baggage duty at Tokyo airport | KTLA

ဒီလူတူစက်ရုပ်တွေဟာ တစ်ခါအားသွင်းထားရင် ၂ နာရီကနေ ၃ နာရီအထိ မနားတမ်း အလုပ်လုပ်နိုင်ပြီး နောက်ပိုင်းမှာ လေယာဉ်ခန်းမအတွင်း သန့်ရှင်းရေးလုပ်တဲ့ တာဝန်တွေကိုပါ ပေးအပ်သွားဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ စီမံခန့်ခွဲမှုလိုမျိုး အရေးကြီးတဲ့ အပိုင်းတွေကိုတော့ လူသားဝန်ထမ်းတွေကပဲ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်လို့ နည်းပညာနဲ့ လူသားတို့ လက်တွဲလုပ်ဆောင်သွားမယ့် ပုံစံသစ်တစ်ခုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Ref: The Guardian 

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com