MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ထွက်လာပြီ
News
news၂၀၂၆ စက်တင်ဘာ ၁၀

Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ထွက်လာပြီ

<p>Apple ပရိသတ်တွေ မျှော်လင့်နေတဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ iPhone Duo ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။</p>

Apple ပရိသတ်တွေ မျှော်လင့်နေတဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ iPhone Duo ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင် ပရီအော်ဒါ တင်နိုင်မှာဖြစ်ပြီး ၂၃ ရက်နေ့မှာ စတင် ရောင်းချသွားမှာပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁,၉၉၉ ကနေ စတင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းရဲ့ အမိုက်စား ဒီဇိုင်းမှာ ၇.၆ လက်မအရွယ် အတွင်းမျက်နှာပြင်နဲ့ ၅.၄ လက်မအရွယ် အပြင်မျက်နှာပြင် ပါဝင်ပါတယ်။ ဖုန်းကို ဖွင့်ထားတဲ့အချိန်မှာ အထူ ၅.၂ မီလီမီတာသာရှိပြီး တိုက်တေနီယမ်ဘောင်ကို သုံးထားတဲ့အတွက် အလေးချိန် ၂၅၄ ဂရမ်ပဲ ရှိပါတယ်။ အတွင်းမျက်နှာပြင်ကို အလင်းမပြန်အောင်နဲ့ အရေးအကြောင်းတွေ မပေါ်အောင် အထူးဖန်တီးထားတဲ့အပြင် ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP68 အဆင့်လည်း ပါဝင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာ အသစ်စက်စက် A20 Pro ချစ်ပ်ကို တပ်ဆင်ထားပေမယ့် လုံခြုံရေးအတွက်တော့ Face ID အစား Touch ID ကိုပဲ သုံးထားတာ တွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာလည်း တော်တော်လေး စိတ်ချရပြီး အတွင်းမျက်နှာပြင်ကို သုံးရင် ဗီဒီယို ၃၁ နာရီဆက်တိုက်ကြည့်နိုင်ကာ အပြင်မျက်နှာပြင်ကို သုံးရင် ၄၄ နာရီအထိ ခံနိုင်ရည်ရှိတယ်လို့ Apple က ဆိုပါတယ်။ မျက်နှာပြင်နှစ်ခုလုံးကို မျှသုံးရင်တောင် ၂၄ နာရီလောက် အသုံးခံမှာပါ။

ကင်မရာပိုင်းမှာတော့ 48MP ပင်မကင်မရာနဲ့ 48MP မြင်ကွင်းကျယ်ကင်မရာ နှစ်လုံးသာ ပါဝင်ပြီး Telephoto မှန်ဘီလူးတော့ မပါဝင်ပါဘူး။ ဒါပေမဲ့ ရှေ့ကင်မရာနဲ့ နောက်ကင်မရာကို တစ်ပြိုင်နက်သုံးနိုင်တဲ့ Dual Capture လုပ်ဆောင်ချက်နဲ့ ဓာတ်ပုံရိုက်ခံရသူက အပြင်မျက်နှာပြင်ကနေ ကိုယ့်ပုံစံကို ပြန်ကြည့်နိုင်တဲ့ Duo Preview လို မိုက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။

Apple ရဲ့ ဒီလို ခေါက်ဖုန်းဈေးကွက်ကို ဝင်ရောက်လာမှုကြောင့် ဒီနှစ်အတွင်း ကမ္ဘာတစ်ဝန်း ခေါက်ဖုန်းရောင်းချမှု ၁၂ ရာခိုင်နှုန်းကျော် တိုးလာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ လာမယ့် ၂၀၂၇ ခုနှစ်အကုန်မှာတော့ Apple အနေနဲ့ ခေါက်ဖုန်းအလုံးရေ ၁၇ သန်းကျော် ရောင်းချရနိုင်ပြီး ကမ္ဘာ့ခေါက်ဖုန်းဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်သွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

Ref : cnet

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
Apple's First Foldable Phone iPhone Duo Launched | MyTech Myanmar