MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဗုဒ္ဓဘာသာရှုထောင့်ကနေ မေးခွန်းတွေ ဖြေပေးမယ့် ဂျပန်က Buddharoid လူတူစက်ရုပ်
News
news၂၀၂၆ ဇွန် ၂၈

ဗုဒ္ဓဘာသာရှုထောင့်ကနေ မေးခွန်းတွေ ဖြေပေးမယ့် ဂျပန်က Buddharoid လူတူစက်ရုပ်

<p>ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်အပါအဝင် သုတေသနအဖွဲ့တစ်ခုက ဗုဒ္ဓဘာသာရှုထောင့်ကနေ လူတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်မယ့် AI စနစ်သုံး လူတူစက်ရုပ်</p>

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်အပါအဝင် သုတေသနအဖွဲ့တစ်ခုက ဗုဒ္ဓဘာသာရှုထောင့်ကနေ လူတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်မယ့် AI စနစ်သုံး လူတူစက်ရုပ် “Buddharoid” ကို မိတ်ဆက်လိုက်ပါတယ်။

ဒီပရောဂျက်ဟာ ဂျပန်နိုင်ငံမှာ သံဃာတော် ရှားပါးလာမယ့် ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တာဖြစ်ပြီး အနာဂတ်မှာ အဲဒီလူတူစက်ရုပ်က ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအချို့ကို ကူညီလုပ်ဆောင်ပေးနိုင်ဖို့ ဒါမှမဟုတ် အစားထိုးလုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Unitree robot becomes Japanese Buddhist monk “Buddharoid” | Cybernews

ဒီလူတူစက်ရုပ်ဟာ အမြင့် ၁၃၀ စင်တီမီတာခန့်နဲ့ အလေးချိန် ၃၅ ကီလိုဂရမ်ခန့် ရှိပြီး သံဃာတော်တွေ ဝတ်ဆင်လေ့ရှိတဲ့ ရိုးရာဝတ်စုံ “samue” ကို ဆင်မြန်းထားပါတယ်။

သူက အသံနဲ့ စကားပြောဆိုနိုင်ရုံတင်မကဘဲ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်တာ၊ လက်အုပ်ချီ ဆုတောင်းတာနဲ့ ရှိခိုးပူဇော်တာမျိုးတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

ဗုဒ္ဓစာပေတွေနဲ့ OpenAI ရဲ့ ChatGPT စနစ်ကို ပေါင်းစပ်ပြီး ဒီလူတူစက်ရုပ်ကို အဆင့်မြှင့်တင်ထားတာဖြစ်လို့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းတွေကို အဆင်ပြေပြေ တုံ့ပြန်ဖြေကြားနိုင်တာကို တွေ့ရပါတယ်။

Meet 'Buddharoid,' an AI-Powered Robot Monk

လက်ရှိမှာတော့ ဒီလူတူစက်ရုပ်ဟာ ရှေ့ပြေးပုံစံအဆင့်သာ ရှိသေးပြီး ရောင်းချဖို့ မဟုတ်သေးပါဘူး။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကိုးကွယ်တဲ့ ဘူတန်နိုင်ငံရဲ့ အကြံပြုချက်တွေအရ ဘာသာရေးနယ်ပယ်မှာ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုက အရေးကြီးတာကြောင့် အခုလို လူတူစက်ရုပ်ပုံစံအဖြစ် ပြောင်းလဲဖန်တီးခဲ့တာဖြစ်ပြီး လောလောဆယ်မှာတော့ သတ်မှတ်ထားတဲ့ ပွဲလမ်းသဘင်တွေမှာပဲ ကန့်သတ်အသုံးပြုသွားမှာဖြစ်ပါတယ်။

Ref: Nation Thailand

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com