MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နယူးယောက်မှာ လျှပ်စစ်တက္ကစီလေယာဉ် စမ်းသပ်ပျံသန်း၊ ၂ နာရီကြာတဲ့ ခရီးကို ၁၀ မိနစ်နဲ့ ရောက်ရှိ
News
news၂၀၂၆ မေ ၄

နယူးယောက်မှာ လျှပ်စစ်တက္ကစီလေယာဉ် စမ်းသပ်ပျံသန်း၊ ၂ နာရီကြာတဲ့ ခရီးကို ၁၀ မိနစ်နဲ့ ရောက်ရှိ

<p>နယူးယောက်မြို့ရဲ့ ကားပိတ်လှတဲ့ လမ်းမတွေကို ကျော်ဖြတ်ပြီး မန်ဟက်တန်ကနေ ဂျွန်အက်ဖ်ကနေဒီ (JFK) လေဆိပ်ကို ၁၀ မိနစ်အတွင်း</p>

နယူးယောက်မြို့ရဲ့ ကားပိတ်လှတဲ့ လမ်းမတွေကို ကျော်ဖြတ်ပြီး မန်ဟက်တန်ကနေ ဂျွန်အက်ဖ်ကနေဒီ (JFK) လေဆိပ်ကို ၁၀ မိနစ်အတွင်း ရောက်ရှိစေမယ့် “လျှပ်စစ်တက္ကစီလေယာဉ်” ကို Joby Aviation ကုမ္ပဏီက အောင်မြင်စွာ စမ်းသပ်ပျံသန်းလိုက်ပါတယ်။

Joby flies first point-to-point air taxi flight tests in New York | Reuters

ဒီလျှပ်စစ်တက္ကစီလေယာဉ်ဟာ ဒေါင်လိုက်တက်ဆင်းနိုင်တဲ့ နည်းပညာကို အသုံးပြုထားပြီး ပိုင်းလော့အပါအဝင် လူငါးဦး လိုက်ပါစီးနင်းနိုင်ပါတယ်။ လေယာဉ်ပေါ်က ဒလက်တွေကို စောင်းပြီး ပျံသန်းတဲ့ ပုံစံကြောင့် ဒေါင်လိုက်ပျံတက်ပြီးတာနဲ့ သာမန်လေယာဉ်တွေထက် ပိုမိုမြန်ဆန်တဲ့ အရှိန်ကို ရရှိစေတာပါ။

Joby completes first NYC electric air taxi flights from JFK

လျှပ်စစ်စွမ်းအင်သုံး ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေ ထွက်မလာသလို ရဟတ်ယာဉ်တွေနဲ့ ယှဉ်ရင်လည်း အသံသိသိသာသာ ပိုငြိမ်တာက အားသာချက်တစ်ခု ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ကားနဲ့သွားရင် တစ်နာရီကနေ နှစ်နာရီအထိ ကြာမြင့်တတ်တဲ့ ဒီခရီးစဉ်ကို အခုလို ၁၀ မိနစ်အတွင်း ရောက်အောင် ပျံသန်းပေးနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ လုပ်ငန်းလည်ပတ်ခွင့် လက်မှတ်ရရှိဖို့အတွက် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (FAA) နဲ့အတူ စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com