MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
၃၅ မိနစ် ခရီးကို ၉ မိနစ်ထဲနဲ့ ပို့ဆောင်ပေးနိုင်တဲ့ ကယ်လီဖိုးနီးယားရဲ့ လျှပ်စ-စ် တက္ကစီ လေယာဉ်
News
news၂၀၂၆ ဩဂုတ် ၆

၃၅ မိနစ် ခရီးကို ၉ မိနစ်ထဲနဲ့ ပို့ဆောင်ပေးနိုင်တဲ့ ကယ်လီဖိုးနီးယားရဲ့ လျှပ်စ-စ် တက္ကစီ လေယာဉ်

<p>စန်းဖရန်စစ္စကို နိုင်ငံတကာလေဆိပ် (SFO) နဲ့ ပလိုအာတို လေဆိပ်ကြား မော်တော်ကားနဲ့ သွားရင် ၃၅ မိနစ်ခန့်</p>

စန်းဖရန်စစ္စကို နိုင်ငံတကာလေဆိပ် (SFO) နဲ့ ပလိုအာတို လေဆိပ်ကြား မော်တော်ကားနဲ့ သွားရင် ၃၅ မိနစ်ခန့် ကြာမြင့်တဲ့ ခရီးစဉ်ကို ၉ မိနစ်တည်းနဲ့ အရောက်ပျံသန်းနိုင်တော့မယ့် စာမျက်နှာသစ်တစ်ရပ်ကို Joby Aviation ကုမ္ပဏီက အောင်မြင်စွာ စမ်းသပ်ပြသလိုက်ပါတယ်။ အဆိုပါ အကွာအဝေးဟာ တိုတောင်းတဲ့ ဒေသတွင်း ခရီးစဉ်တစ်ခုဖြစ်ပြီး၊ မော်တော်ယာဉ် ပိတ်ဆို့မှုတွေကို ရှောင်ရှားကာ ခရီးသွားလာချိန်ကို သိသိသာသာ လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Joby Aviation S4 2.0 (pre-production prototype)

ယခု စမ်းသပ်ပြသခဲ့တဲ့ eVTOL အမျိုးအစား လျှပ်စစ်လေယာဉ်တက္ကစီဟာ မောင်းနှင်သူ တစ်ဦးအပြင် ခရီးသည် လေးဦးအထိ လိုက်ပါစီးနင်းနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်နာရီကို မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အထိ အရှိန်နှုန်း ရရှိနိုင်ပြီး၊ တစ်ကြိမ် အားသွင်းထားရုံနဲ့ မိုင် ၁၀၀ (၁၆၁ ကီလိုမီတာ) အထိ ခရီးနှင်နိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ပန်ကာ ခြောက်ခုကို အသုံးပြုထားတာကြောင့် ပတ်ဝန်းကျင်ကို ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတဲ့အပြင် ပုံမှန် ဟာလီကော့ပတာတွေထက် ဆူညံသံ သိသိသာသာ နည်းပါးတာကို တွေ့ရပါတယ်။

The Air Force could use its new electric aircraft for base security |  Popular Science

Joby ကုမ္ပဏီဟာ အမေရိကန်မှာ ကူးသန်းရောင်းဝယ်ရေး ခရီးစဉ်တွေ စတင်ပြေးဆွဲနိုင်ဖို့ အမေရိကန် ဖက်ဒရယ် လေကြောင်းကွပ်ကဲရေးဦးစီးဌာန (FAA) ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် စနစ်တကျ ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိမှာလည်း စမ်းသပ်ပျံသန်းမှုပေါင်း ထောင်နဲ့ချီ ပြုလုပ်ပြီးစီးထားပြီးဖြစ်ရာ၊ အနာဂတ် လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အဓိက အပြောင်းအလဲတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com