MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ရုရှားမှာ ပထမဆုံးအကြိမ် လူတူစက်ရုပ် မင်္ဂလာဆောင်ပွဲ ကျင်းပ
News
news၂၀၂၆ ဇူလိုင် ၁၄

ရုရှားမှာ ပထမဆုံးအကြိမ် လူတူစက်ရုပ် မင်္ဂလာဆောင်ပွဲ ကျင်းပ

<p>ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ Pushkin စာကြည့်တိုက်မှာ ရောဘတ် (Robert) နဲ့ မာတီဒါ (Matilda) လို့</p>

ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ Pushkin စာကြည့်တိုက်မှာ ရောဘတ် (Robert) နဲ့ မာတီဒါ (Matilda) လို့ အမည်ပေးထားတဲ့ လူတူစက်ရုပ် နှစ်ရုပ်ရဲ့ မင်္ဂလာပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဒါဟာ ရုရှားနိုင်ငံရဲ့ ပထမဆုံး စက်ရုပ် မင်္ဂလာပွဲ အခမ်းအနားဖြစ်ပြီး ရုရှားရဲ့ မိသားစု၊ မေတ္တာနဲ့ သစ္စာရှိမှုနေ့ အထိမ်းအမှတ်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Humanoid robots 'get married' in Russian ceremony | News | Independent TV

အဲဒီ အခမ်းအနားမှာ စက်ရုပ်စုံတွဲဟာ ကြိုတင်ထည့်သွင်းထားတဲ့ မင်္ဂလာကတိစကားတွေကို ပြောကြားခဲ့ကြပြီး Dogmatik လို့ အမည်ရတဲ့ စက်ရုပ်ခွေးလေးက ပေးပို့တဲ့ အထိမ်းအမှတ် လက်စွပ်တွေကို လဲလှယ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဟန်ချက်ညီတဲ့ လှုပ်ရှားမှုတွေကို ပြသခဲ့ကြတာကြောင့် မီဒီယာတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားမှု များပြားခဲ့ပါတယ်။

Russia Holds First-Ever Humanoid Robot Wedding

အဲဒီပွဲဟာ တရားဝင် လက်ထပ်ပွဲ မဟုတ်သလို စက်ရုပ်တွေမှာ စိတ်ခံစားချက်ရှိကြောင်း ပြသတာလည်း မဟုတ်ဘူးလို့ စီစဉ်သူတွေက ပြောထားပါတယ်။

လူတူစက်ရုပ် နည်းပညာ တိုးတက်လာမှုကို ပြသဖို့နဲ့ အနာဂတ်မှာ အိမ်သုံးစက်ရုပ်တွေက လူတွေရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို ကူညီပေးနိုင်မလဲ ဆိုတာကို အများပြည်သူ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Ref: Times of India

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com