MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အင်စတာဂရမ်ဓာတ်ပုံတွေနဲ့ AI ပုံထုတ်ပေးတဲ့ စနစ်သစ် ပေါ်လာပြီး ရက်ပိုင်းအတွင်း Meta  ပြန်ဖြုတ်
News
news၂၀၂၆ ဇူလိုင် ၁၄

အင်စတာဂရမ်ဓာတ်ပုံတွေနဲ့ AI ပုံထုတ်ပေးတဲ့ စနစ်သစ် ပေါ်လာပြီး ရက်ပိုင်းအတွင်း Meta  ပြန်ဖြုတ်

<p>အင်စတာဂရမ်ပေါ်က Public ဓာတ်ပုံတွေကို အသုံးပြုပြီး AI ဓာတ်ပုံတွေ ဖန်တီးပေးနိုင်တဲ့ စနစ်သစ်တစ်ခုကို မိတ်ဆက်အပြီး ရက်ပိုင်းအတွင်းမှာပဲ</p>

အင်စတာဂရမ်ပေါ်က Public ဓာတ်ပုံတွေကို အသုံးပြုပြီး AI ဓာတ်ပုံတွေ ဖန်တီးပေးနိုင်တဲ့ စနစ်သစ်တစ်ခုကို မိတ်ဆက်အပြီး ရက်ပိုင်းအတွင်းမှာပဲ မေတာ (Meta) ကုမ္ပဏီက ပြန်လည်ဖြုတ်သိမ်းလိုက်ပါတယ်။ အကြောင်းကတော့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ဝေဖန်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာကြောင့် ဖြစ်ပါတယ်။

Meta removes Muse Image feature that let anyone create AI images based on  public Instagram photos

“Muse Image” လို့ အမည်ပေးထားတဲ့ အဲဒီ Feature ဟာ မိမိလိုချင်တဲ့ ပုံစံကို စာသားရေးကာ အင်စတာဂရမ် အကောင့်တစ်ခုခုကို တဂ် (Tag) လုပ်လိုက်ရုံနဲ့ AI ပုံရိပ်တွေ ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ မေတာ ဘက်ကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေနဲ့ သီးသန့် (Private) စက်ဝိုင်းထဲထားတဲ့ အကောင့်တွေကို ချန်လှပ်ထားပြီး အသက်ပြည့်ပြီးသူတွေရဲ့ အများကြည့်နိုင်တဲ့ ပရိုဖိုင်တွေကိုပဲ သုံးတာလို့ ရှင်းလင်းထားပါတယ်။

Muse Image - AI image generator & photo editor

ဒါပေမဲ့ အဲဒီ Feature အသစ် ထွက်လာပြီးတာနဲ့ အကောင့်ပိုင်ရှင် မသိဘဲ ပုံတွေကို လိုသလို ယူသုံးပြီး မသမာတဲ့နည်းနဲ့ လဲလှယ်ဖန်တီးတာတွေ ကြုံရနိုင်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ အဲဒါကြောင့် မေတာက အဲဒီ စနစ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး သုံးစွဲသူတွေရဲ့ သဘောထားကို ပြန်လည်ဆန်းစစ်ပြီးမှ နောက်ထပ် ပုံစံတစ်ခုနဲ့ ပြန်မိတ်ဆက် မလားဆိုတာဆုံးဖြတ်သွားမယ်လို့ ပြောထားပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com