MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
စမတ်မျက်မှန်သုံးပြီး လူမြင်ကွင်းမှာ နောက်ပြောင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို Meta ဖြုတ်ချ
News
news၂၀၂၆ ဩဂုတ် ၃

စမတ်မျက်မှန်သုံးပြီး လူမြင်ကွင်းမှာ နောက်ပြောင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို Meta ဖြုတ်ချ

<p>လူတွေရဲ့ ခွင့်ပြုချက်မရဘဲ စမတ်မျက်မှန်တွေတပ်ပြီး လမ်းသွားလမ်းလာတွေကို နောက်ပြောင်ရိုက်ကူးထားတဲ့ အင်စတာဂရမ် ဗီဒီယိုတွေကို Meta က ပြတ်ပြတ်သားသား</p>

လူတွေရဲ့ ခွင့်ပြုချက်မရဘဲ စမတ်မျက်မှန်တွေတပ်ပြီး လမ်းသွားလမ်းလာတွေကို နောက်ပြောင်ရိုက်ကူးထားတဲ့ အင်စတာဂရမ် ဗီဒီယိုတွေကို Meta က ပြတ်ပြတ်သားသား ဖယ်ရှားလိုက်ပါတယ်။

အင်စတာဂရမ် အကြီးအကဲ Adam Mosseri က အများပြည်သူကို အနှောင့်အယှက်ပေးတဲ့ အဲဒီလို အပြုအမူတွေကို လုံးဝ သည်းခံမှာမဟုတ်ဘဲ စည်းမျဉ်းချိုးဖောက်သူတွေကို အကောင့်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

လက်ရှိမှာ Follower တစ်သန်းကျော်ရှိတဲ့ နာမည်ကြီး အကောင့်နှစ်ခု အပါအဝင် အကောင့်အတော်များများကို Meta က ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

Meta removes Instagram prank videos shot with smart glasses

ဒီလို ပြင်းပြင်းထန်ထန် အရေးယူနေတဲ့ ကြားကပဲ စမတ်မျက်မှန်တွေဟာ သူတစ်ပါးကို တိတ်တဆိတ် ခိုးရိုက်ဖို့အတွက် လက်နက်တစ်ခုလို ဖြစ်လာနေတယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စမတ်မျက်မှန်တွေမှာ ဗီဒီယိုရိုက်နေကြောင်း ပြသတဲ့ LED မီးလေး ပါဝင်ပေမယ့် အပြင်ဘက်မှာ သတိထားမိဖို့ ခက်ခဲတဲ့အပြင် တချို့က အဲဒီမီးလေးကို တိပ်နဲ့ဖုံးပြီး အလွဲသုံးစား လုပ်နေကြတာ ဖြစ်ပါတယ်။

Instagram cracks down on harassment videos filmed with Meta smart glasses - Capture magazine

LED မီးကို ဖုံးအုပ်ထားရင် ကင်မရာအလုပ်မလုပ်အောင် Meta ဘက်က နည်းပညာပိုင်း အဆင့်မြှင့်တင်ထားပေမယ့် လုံခြုံရေးအရ စိုးရိမ်စရာတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ် မတင်ဘဲ ကိုယ်ပိုင်အသုံးပြုဖို့ သက်သက်အတွက် လူမသိသူမသိ ခိုးရိုက်နေတာမျိုးတွေကိုတော့ Meta အနေနဲ့ လက်တွေ့မှာ တားဆီးနိုင်စွမ်း မရှိဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
စမတ်မျက်မှန်သုံးပြီး လူမြင်ကွင်းမှာ နောက်ပြောင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို Meta ဖြုတ်ချ | MyTech Myanmar