MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Meta ရဲ့ Agent App သစ် Muse စတင်ဖြန့်ချိပြီး သီတင်းပတ် နှစ်ပတ်အတွင်း ဒေါင်းလုဒ် အရေအတွက် ၂ ဒသမ ၈ သန်းအထိ ရှိလာ
News
news၂၀၂၆ စက်တင်ဘာ ၂၈

Meta ရဲ့ Agent App သစ် Muse စတင်ဖြန့်ချိပြီး သီတင်းပတ် နှစ်ပတ်အတွင်း ဒေါင်းလုဒ် အရေအတွက် ၂ ဒသမ ၈ သန်းအထိ ရှိလာ

<p>Meta က စက်တင်ဘာ ၈ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ Personal Agent App တစ်ခုဖြစ်တဲ့</p>

Meta က စက်တင်ဘာ ၈ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ Personal Agent App တစ်ခုဖြစ်တဲ့ Muse ဟာ စတင်ဖြန့်ချိပြီး ပထမနှစ်ပတ်အတွင်းမှာတင် ဒေါင်းလုဒ်ပြုလုပ်မှုပေါင်း ၂ ဒသမ ၈ သန်းအထိ ရရှိခဲ့တယ်လို့ ဈေးကွက်သုတေသနအဖွဲ့ Sensor Tower ရဲ့ စာရင်းအင်းတွေအရ သိရပါတယ်။ Muse App ဟာ သာမန် AI Chatbot တွေလို စကားပြောရုံတင် မဟုတ်ဘဲ အီးမေးလ် ပို့ပေးတာ၊ ခရီးစဉ်တွေ ကြိုတင်ဘိုကင်လုပ်ပေးတာ၊ ဖောင်ဖြည့်တာနဲ့ အွန်လိုင်းကနေ ဈေးဝယ်ယူတာ အပါအဝင် သုံးစွဲသူတွေရဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းဆောင်တာတွေကို ကိုယ်စား ဆောင်ရွက်ပေးနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။

Meta's Muse is outpacing ChatGPT's early mobile launch | TechCrunch

ဒါ့အပြင် Muse ဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ Apple App Store နဲ့ Google Play စတိုးတို့မှာ ChatGPT ကို ကျော်လွန်ပြီး အခမဲ့ ဒေါင်းလုဒ်အများဆုံး App အဖြစ် အဆင့် (၁) နေရာကို ရောက်ရှိခဲ့ပါတယ်။ Apptopia ရဲ့ လေ့လာချက်အရ စတင်ဖြန့်ချိအပြီး ၁၂ ရက်အတွင်း iOS စနစ်တစ်ခုတည်းမှာတင် Muse ဟာ ဒေါင်းလုဒ် ၁ ဒသမ ၈ သန်း ရှိခဲ့ပြီး ChatGPT ရဲ့ ၁ ဒသမ ၃ သန်းထက် ပိုမိုများပြားခဲ့ပါတယ်။ သို့သော်လည်း ChatGPT ဟာ ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲသူ ပိုမိုများပြားနေဆဲ ဖြစ်တာကြောင့် ဒီကိန်းဂဏန်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း သုံးစွဲသူအရေအတွက်ကို တိုက်ရိုက်ယှဉ်ပြိုင် ဖော်ပြနေတာတော့ မဟုတ်ပါဘူး။

Meta's Muse AI is exploding in popularity—and drawing heated backlash from  Amazon | Fortune

သုံးစွဲသူတွေရဲ့ အချက်အလက် လုံခြုံရေးအတွက် Meta က Muse App ကို သီးခြားခွဲခြားပေးထားတဲ့ Muse Secure VM စနစ်ထဲမှာ မောင်းနှင်ထားပြီး အီးမေးလ်ပို့တာ ဒါမှမဟုတ် ပစ္စည်းဝယ်ယူတာလိုမျိုး အရေးကြီး လုပ်ဆောင်ချက်တွေ မပြုလုပ်မီ သုံးစွဲသူထံကနေ သဘောတူညီချက် တောင်းခံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Meta က Muse App ကို စမတ်ဖုန်းတွေတင် မဟုတ်ဘဲ သူတို့ရဲ့ AI မျက်မှန်တွေမှာပါ ထည့်သွင်းအသုံးပြုနိုင်အောင် ချဲ့ထွင်သွားဖို့ အစီအစဉ်ရှိကြောင်းပါ ထုတ်ပြန်ထားပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com