MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လနဲ့ အင်္ဂါဂြိုဟ်ပေါ်က အန္တရာယ်များတဲ့ လုပ်ငန်းတွေမှာ ကူညီဖို့ အဆင့်မြင့်လူတူစက်ရုပ်တွေကို NASA တီထွင်နေ
News
news၂၀၂၆ အောက်တိုဘာ ၃

လနဲ့ အင်္ဂါဂြိုဟ်ပေါ်က အန္တရာယ်များတဲ့ လုပ်ငန်းတွေမှာ ကူညီဖို့ အဆင့်မြင့်လူတူစက်ရုပ်တွေကို NASA တီထွင်နေ

<p>NASA ဟာ လနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး ခရီးစဉ်တွေမှာ အာကာသယာဉ်မှူးတွေနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်မယ့် အဆင့်မြင့်စက်ရုပ်တွေကို တီထွင်ဖန်တီးနေပါတယ်။</p>

NASA ဟာ လနဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး ခရီးစဉ်တွေမှာ အာကာသယာဉ်မှူးတွေနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်မယ့် အဆင့်မြင့်စက်ရုပ်တွေကို တီထွင်ဖန်တီးနေပါတယ်။ အန္တရာယ်များတာ၊ ထပ်ခါတလဲလဲ လုပ်ရတာနဲ့ ခက်ခဲတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဟူစတင်ရှိ Johnson Space Center မှ အဖွဲ့ဝင် ၁၆ ဦးပါ Dexterous Robotics အဖွဲ့က ဦးဆောင်နေပါတယ်။ လူသားတွေလိုမျိုး ကျွမ်းကျင်စွာ ကိုင်တွယ်လှုပ်ရှားနိုင်တဲ့ စက်ရုပ် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲတွေကို တီထွင်ပေးနေတာ ဖြစ်ပြီး၊ အဓိက ရည်ရွယ်ချက်ကတော့ အာကာသယာဉ်မှူးတွေကို အစားထိုးဖို့ မဟုတ်ဘဲ အာကာသ စူးစမ်းလေ့လာရေး ခရီးစဉ်တွေကို ပိုမို ဘေးကင်းစေဖို့နဲ့ လူသားတွေအတွက် စွန့်စားရမှုကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။

NASA wants to send humanoid robots to the moon

NASA ရဲ့ အဓိက လူတူစက်ရုပ်တွေထဲက တစ်ခုကတော့ Valkyrie (သို့မဟုတ် R5) ဖြစ်ပြီး အရပ် ၆ ပေ ၂ လက်မမြင့်ကာ အလေးချိန် ပေါင် ၃၀၀ ရှိပါတယ်။ ခန္ဓာကိုယ်အနှံ့ လှုပ်ရှားနိုင်စွမ်း ၄၄ မျိုး ပါဝင်ပြီး ၁.၈ kWh ဘက်ထရီနဲ့ တစ်နာရီနီးပါး အလုပ်လုပ်နိုင်ပါတယ်။ Valkyrie ကို ခက်ခဲပြီး အန္တရာယ်များတဲ့ ပတ်ဝန်းကျင်တွေမှာ အသုံးပြုနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အာကာသထဲမှာ အသုံးဝင်မယ့် လမ်းလျှောက်ခြင်း၊ အာရုံခံခြင်းနဲ့ ပစ္စည်းကိုင်တွယ်ခြင်း စတဲ့ နည်းပညာတွေကို စမ်းသပ်ဖို့ ပလက်ဖောင်းအဖြစ် အသုံးပြုနေတာပါ။ ဒါ့အပြင် ၂၀၁၁ ခုနှစ်က အာကာသထဲကို ပထမဆုံး ရောက်ရှိခဲ့ဖူးတဲ့ Robonaut 2 (R2) စက်ရုပ်ရဲ့ အတွေ့အကြုံတွေကိုလည်း အခြေခံပြီး တိုးတက်အောင် လုပ်ဆောင်နေပါတယ်။

NASA prepares humanoid robots to handle dangerous jobs on moon, Mars

လက်ရှိမှာ NASA ဟာ iMETRO စမ်းသပ်ရေးစခန်းမှာ စက်ရုပ်တွေရဲ့ ထိန်းသိမ်းပြုပြင်ရေး၊ ကုန်ပစ္စည်း ရွှေ့ပြောင်းရေးနဲ့ စက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနိုင်ရေးစတဲ့ လုပ်ငန်းတွေကို စမ်းသပ်နေပါတယ်။ စမ်းသပ်မှုတစ်ခုမှာ စက်ရုပ်လက်တံဟာ အာကာသယာဉ် တံခါးကို မှတ်မိပြီး လက်ကိုင်ကိုလှည့်၍ တံခါးဖွင့်ခြင်း၊ ကုန်ပစ္စည်းအိတ်များကို ရွှေ့ပြောင်းပေးခြင်းတို့အပြင် အအေးခန်းကို စစ်ဆေးထိန်းသိမ်းခြင်း စတာတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ NASA ရဲ့ ရေတို ရည်မှန်းချက်ကတော့ လပေါ်မှာ လူသားတွေ ရေရှည်နေထိုင်နိုင်ရေးကို အထောက်အကူပြုမယ့် စက်ရုပ်နည်းပညာတွေကို စနစ်တကျ တီထွင်သွားဖို့နဲ့ နောက်ပိုင်းမှာ အင်္ဂါဂြိုဟ် ခရီးစဉ်တွေအထိ တိုးချဲ့အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com