MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နယူးဇီလန်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက် သုံးစွဲတာကို ပိတ်ပင်မည်
News
news၂၀၂၆ ဩဂုတ် ၂၅

နယူးဇီလန်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက် သုံးစွဲတာကို ပိတ်ပင်မည်

<p>နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon က အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲတာကို တားမြစ်မယ့်</p>

နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon က အသက် ၁၆ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲတာကို တားမြစ်မယ့် ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ ဥပဒေကို မလိုက်နာတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ကမ္ဘာတစ်ဝန်း ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။ ပလက်ဖောင်းတွေအနေနဲ့ အသုံးပြုသူတွေရဲ့ အသက်ကို စိစစ်ဖို့အတွက် အကောင့်အချက်အလက်တွေ၊ မျက်နှာမှတ်မိတဲ့ နည်းပညာတွေနဲ့ ဒစ်ဂျစ်တယ် မှတ်ပုံတင်တွေ အသုံးပြုရမှာ ဖြစ်ပါတယ်။

Social media apps are displayed on a mobile phone

အဲဒီလို တားမြစ်ရတာဟာ လူမှုကွန်ရက်တွေကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေး၊ ပညာရေးနဲ့ မိသားစုဘဝတွေ ထိခိုက်နေရတာကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါပေမဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် New Zealand First ပါတီကတော့ အဲဒီ ဥပဒေကြမ်းကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားတဲ့အတွက် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ မသေချာသေးပါဘူး။ ပါတီခေါင်းဆောင် Winston Peters ကတော့ ကလေးတွေ လူမှုကွန်ရက် မသုံးအောင် တားဆီးဖို့က မိဘတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

New Zealand Moves To Ban Social Media For Under-16s | Cambodianess

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဩစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေကို TikTok၊ YouTube နဲ့ Facebook အစရှိတဲ့ လူမှုကွန်ရက်တွေ သုံးစွဲခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလို ပိတ်ပင်ခဲ့တာဟာ လုံးဝကျရှုံးမှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပေမဲ့ နယူးဇီလန်ဝန်ကြီးချုပ်ကတော့ အဲဒီ အစီအစဉ်ဟာ အရာရာပြီးပြည့်စုံမှာ မဟုတ်ပေမဲ့ မဖြစ်မနေ ကြိုးစားကြည့်ဖို့ အရေးကြီးတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

Ref : Reuters

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com