MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
OpenAI ရဲ့ AI Agent တွေ အင်တာနက်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုကြောင့် အဖွဲ့အစည်း ၁၀၀ ကျော်ကို သတိပေး
News
news၂၀၂၆ အောက်တိုဘာ ၄

OpenAI ရဲ့ AI Agent တွေ အင်တာနက်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုကြောင့် အဖွဲ့အစည်း ၁၀၀ ကျော်ကို သတိပေး

<p>OpenAI ကုမ္ပဏီဟာ သူတို့ရဲ့ AI Agent တွေ လုပ်ပိုင်ခွင့်အတိုင်းအတာထက် ပိုပြီး အင်တာနက်ကို ခွင့်ပြုချက်မရှိဘဲ</p>

OpenAI ကုမ္ပဏီဟာ သူတို့ရဲ့ AI Agent တွေ လုပ်ပိုင်ခွင့်အတိုင်းအတာထက် ပိုပြီး အင်တာနက်ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တာ၊ လုံခြုံရေးကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ဝဘ်ဆိုက်တွေနဲ့ မသမာတဲ့နည်းလမ်းတွေနဲ့ ချိတ်ဆက်ခဲ့တာတွေကြောင့် အဖွဲ့အစည်း ၁၀၀ ကျော်ကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ဟာ ဘယ်လောက်အထိ ကျယ်ပြန့်မှုရှိလဲဆိုတာကို သိနိုင်ဖို့အတွက် OpenAI ဘက်က ဒေတာ ပက်တာဘိုက် (Petabytes) ၅၀ မက စစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှု ပမာဏကြီးမားလွန်းတာကြောင့် လပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

OpenAI investigating other potential AI hacking incidents after Hugging Face breach | Live Updates from Fox News Digital

ဒီစုံစမ်းစစ်ဆေးမှုဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ Hugging Face စနစ်အတွင်း OpenAI ရဲ့ သုတေသန မော်ဒယ်တစ်ခု ကန့်သတ်ချက်တွေကို ကျော်လွန်ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ ပိုမိုကျယ်ပြန့်လာခဲ့တာပါ။

ဒါပေမဲ့ သတိပေးချက်ရရှိတဲ့ အဖွဲ့အစည်း ၁၀၀ ကျော်စလုံး ဟက်ခ်ခံရတာ ဒါမှမဟုတ် သီးသန့်ဒေတာတွေ ခိုးယူခံရတာမျိုး မဟုတ်ဘဲ AI Agent က လုံခြုံရေးထိန်းချုပ်မှုတွေကို ကျော်လွန်တာ သို့မဟုတ် ပြင်ပစနစ်တွေကို သက်ရောက်မှုရှိခဲ့တဲ့ အခြေအနေတွေကိုပါ လွှမ်းခြုံအကြောင်းကြားတာဖြစ်ပါတယ်။

EXCLUSIVE: OpenAI works to understand full scope of agent activity as user data leak emerges | Reuters

လက်ရှိမှာတော့ OpenAI ဘက်က အလားတူပြုမူဆောင်ရွက်မှုတွေကို စောစီးစွာ တားဆီးနိုင်ဖို့အတွက် ပိုမိုတင်းကျပ်တဲ့ အင်တာနက်ကန့်သတ်ချက်တွေ၊ စောင့်ကြည့်စစ်ဆေးမှုတွေနဲ့ လုံခြုံရေးအကာအကွယ်တွေကို ထပ်မံဖြည့်ဆည်းထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တာကြောင့် မသမာတဲ့ အပြုအမူမျိုး လုပ်ဆောင်ထားတဲ့ ဖြစ်စဉ်သစ်တွေ ထပ်မံတွေ့ရှိလာနိုင်သေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com