MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
OpenAI က AI Agent စမတ်ဖုန်း ထုတ်မည်
News
news၂၀၂၆ မေ ၂

OpenAI က AI Agent စမတ်ဖုန်း ထုတ်မည်

<p>ဆော့ဖ်ဝဲလ်လောကမှာ နာမည်ကြီးတဲ့ OpenAI ဟာ အခုဆိုရင် ဖုန်းထုတ်လုပ်ရေးဘက်ကို ခြေလှမ်းပြင်နေပြီး “AI Agent Phone”</p>

ဆော့ဖ်ဝဲလ်လောကမှာ နာမည်ကြီးတဲ့ OpenAI ဟာ အခုဆိုရင် ဖုန်းထုတ်လုပ်ရေးဘက်ကို ခြေလှမ်းပြင်နေပြီး “AI Agent Phone” လို့ ခေါ်မယ့် စမတ်ဖုန်းအသစ်ကို စူးစမ်းလေ့လာနေပါတယ်။

နာမည်ကြီး လေ့လာဆန်းစစ်သူ Ming-Chi Kuo ရဲ့ အဆိုအရ ဒီဖုန်းဟာ အခုလက်ရှိ စမတ်ဖုန်းတွေ အလုပ်လုပ်ပုံနဲ့ လုံးဝကွဲပြားမှာ ဖြစ်ပါတယ်။ App တစ်ခုပြီးတစ်ခု ဖွင့်ပြီး အလုပ်လုပ်နေရမယ့်အစား ဖုန်းထဲမှာပါတဲ့ AI Agent ကပဲ အသုံးပြုသူ ခိုင်းသမျှ အလုပ်တွေကို အစအဆုံး တာဝန်ယူ လုပ်ဆောင်ပေးသွားမှာပါ။

ဥပမာအားဖြင့် အစီအစဉ်တစ်ခု ဆွဲဖို့အတွက် ပြက္ခဒိန်ဖွင့်တာ၊ မက်ဆေ့ချ်စစ်တာ စတဲ့ App တွေကြား ကူးသန်းနေစရာ မလိုဘဲ AI ကို ပြောလိုက်ရုံနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေတာ၊ အကြံပြုတာနဲ့ အလုပ်တွေကို အပြီးသတ် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိ App တွေကို အခြေခံထားတဲ့ စနစ်ကနေ အကြီးအကျယ် ပြောင်းလဲပစ်မယ့် ခြေလှမ်းပါပဲ။ ဒီအတွက် OpenAI ဟာ MediaTek၊ Qualcomm တို့နဲ့ ပူးပေါင်းပြီး AI အတွက် သီးသန့်ချစ်ပ်ပြားတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေသလို ထုတ်လုပ်ရေးပိုင်းမှာလည်း Luxshare နဲ့ လက်တွဲသွားဖို့ ရှိနေပါတယ်။

ဒါပေမဲ့ ဒီဖုန်းကို မြင်တွေ့ရဖို့တော့ အချိန်အနည်းငယ် စောင့်ရဦးမှာပါ။ အသေးစိတ် အချက်အလက်တွေကို ၂၀၂၆ နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၇ အစောပိုင်းလောက်မှ အတည်ပြုနိုင်မှာဖြစ်ပြီး ၂၀၂၈ ခုနှစ်လောက်မှသာ ထုတ်လုပ်မှု စတင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လူတွေ အသားကျနေတဲ့ App သုံးတဲ့ အလေ့အထကို ပြောင်းလဲဖို့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ တကယ်လို့သာ ဒီဖုန်း ထွက်ရှိလာခဲ့ရင်တော့ ဖုန်းမျက်နှာပြင်ကို တကောက်ကောက် နှိပ်နေစရာ မလိုဘဲ ခိုင်းလိုက်ရုံနဲ့ အလုပ်ဖြစ်မယ့် အနာဂတ်သစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref: Gizmochina

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com