MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမေရိကန်စာသင်ခန်းထဲကို လူတူစက်ရုပ်နဲ့ AI ဆရာ ရောက်လာပြီ
News
news၂၀၂၆ ဇွန် ၂၉

အမေရိကန်စာသင်ခန်းထဲကို လူတူစက်ရုပ်နဲ့ AI ဆရာ ရောက်လာပြီ

<p>အနာဂတ်ရဲ့ စာသင်ခန်းတွေက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို နယူးယောက်ပြည်နယ်က ဆာလာမန်ကာ (Salamanca) ကျောင်းခရိုင်မှာ Realbotix ကုမ္ပဏီက လက်တွေ့ချပြလိုက်ပြီဖြစ်ပြီး</p>

အနာဂတ်ရဲ့ စာသင်ခန်းတွေက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို နယူးယောက်ပြည်နယ်က ဆာလာမန်ကာ (Salamanca) ကျောင်းခရိုင်မှာ Realbotix ကုမ္ပဏီက လက်တွေ့ချပြလိုက်ပြီဖြစ်ပြီး ဒါဟာ အမေရိကန်သမိုင်းမှာ AI သင်ထောက်ကူစနစ်နဲ့ လူတူစက်ရုပ် (Humanoid Robot) နှစ်မျိုးစလုံးကို စာသင်ခန်းထဲအထိ ပထမဆုံး စတင်ထည့်သွင်းလိုက်တဲ့ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။ ဒီဆန်းသစ်တဲ့ စီမံကိန်းမှာ Optio လို့အမည်ရတဲ့ AI သင်ထောက်ကူစနစ်က ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အချင်းအလိုက် အနီးကပ် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီး ညဉ့်နက်သန်းခေါင်မရွေး အိမ်စာတွေကို ကူညီပေးမယ့်အပြင် ဘာသာစကားမျိုးစုံနဲ့ပါ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ဆရာ၊ ဆရာမတွေ သင်ခန်းစာပြင်ဆင်ရတဲ့ အလုပ်တွေကိုလည်း အများကြီး သက်သာစေမှာ ဖြစ်ပါတယ်။

Realbotix Launches AI Teacher Assistant and Humanoid Robot Pilot in New  York School District

ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတာကတော့ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာတင် မဟုတ်ဘဲ နည်းပညာနဲ့ ရိုဘော့လောကကို ပိုမိုထိတွေ့ စိတ်ဝင်စားလာစေဖို့အတွက် Realbotix ရဲ့ M-Series လူတူစက်ရုပ်ကြီးကို အတန်းထဲမှာ တိုက်ရိုက် စကားပြောဆို ထိတွေ့ခွင့်ရရှိတော့မှာပဲ ဖြစ်ပါတယ်။

ဒီထူးခြားတဲ့ စမ်းသပ်မှုကို AI နဲ့ ရိုဘော့အထူးပြုအတန်းတွေမှာ အရင်ဆုံး စတင်နေပြီဖြစ်ပြီး နောက်ထပ် လပိုင်းအနည်းငယ်အကြာ ၂၀၂၆ ခုနှစ် ဆောင်းဦးရာသီမှာတော့ အထက်တန်းကျောင်းသား ၅၀၀ ဝန်းကျင်အထိ တိုးချဲ့သွားဖို့ ရှိနေပါတယ်။ အဲဒီလို စမ်းသပ်နေတဲ့ ကာလအတွင်းမှာ ရိုဘော့နဲ့ AI ကြောင့် ကျောင်းသားတွေ ဘယ်လောက်အထိ တက်ကြွလာမလဲဆိုတာနဲ့ ဆရာတွေရဲ့ လုပ်ငန်းခွင် ပင်ပန်းမှုတွေကို ဘယ်လောက်အထိ လျှော့ချပေးနိုင်မလဲဆိုတာကို အသေးစိတ် စောင့်ကြည့် မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com