MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လကမ္ဘာပေါ် ရောက်သွားသလို ခံစားရစေမယ့် တိုကျိုတက္ကသိုလ်ရဲ့ ကျောပိုးအိတ်ပုံစံ ဒရုန်းစနစ်သစ်
News
news၂၀၂၆ စက်တင်ဘာ ၁၇

လကမ္ဘာပေါ် ရောက်သွားသလို ခံစားရစေမယ့် တိုကျိုတက္ကသိုလ်ရဲ့ ကျောပိုးအိတ်ပုံစံ ဒရုန်းစနစ်သစ်

<p>လကမ္ဘာပေါ်မှာ လမ်းလျှောက်နေရသလို ပေါ့ပေါ့ပါးပါး ခုန်ပေါက်သွားလာနိုင်မယ့် ခံစားမှုကို ပေးစွမ်းနိုင်မယ့် နည်းပညာတစ်ခု ပေါ်ထွက်လာပါပြီ။ တိုကျိုတက္ကသိုလ်က သုတေသီတွေ</p>

လကမ္ဘာပေါ်မှာ လမ်းလျှောက်နေရသလို ပေါ့ပေါ့ပါးပါး ခုန်ပေါက်သွားလာနိုင်မယ့် ခံစားမှုကို ပေးစွမ်းနိုင်မယ့် နည်းပညာတစ်ခု ပေါ်ထွက်လာပါပြီ။ တိုကျိုတက္ကသိုလ်က သုတေသီတွေ တီထွင်လိုက်တဲ့ Augmented Leap လို့ အမည်ပေးထားတဲ့ အဲဒီ ကျောပိုးအိတ်ပုံစံ ဒရုန်းစနစ်သစ်က လူတွေကို ပိုမိုပေါ့ပါးသွားစေမှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ ကျောဘက်မှာ တပ်ဆင်ထားတဲ့ ပန်ကာခြောက်လုံးတပ် ဒရုန်းကနေ အပေါ်ဘက်ကို တွန်းတင်ပေးတဲ့အားကြောင့် ကိုယ်အလေးချိန်ရဲ့ သုံးပုံနှစ်ပုံလောက်အထိ လျော့ကျသွားစေပြီး ပိုမြင့်မြင့်နဲ့ လေထဲမှာ ပိုကြာကြာ ခုန်နိုင်စေမှာပါ။

First Look at Lunavity, the Backpack That Lets You Leap Like You're Walking  on the Moon - TechEBlog

စမ်းသပ်မှုတွေအရ အဲဒီစနစ်ကို အသုံးပြုသူတွေဟာ ရိုးရိုးခုန်တာထက် အမြင့်ဆုံးခုန်နိုင်စွမ်း ၁၀ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိ တိုးလာတဲ့အပြင် လေထဲမှာနေနိုင်ချိန်ကလည်း ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ သုတေသီတွေရဲ့ အဆိုအရတော့ အဲဒီစနစ်ဟာ မြောင်းတွေ၊ အပျက်အစီးတွေနဲ့ ကွက်လပ်ငယ်တွေလို အတားအဆီးတွေကို အလွယ်တကူ ကျော်ဖြတ်ခုန်ရာမှာ အများကြီး အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျက်ပက် (jetpack) လို ကောင်းကင်မှာ ပျံသန်းသွားဖို့အတွက်တော့ မဟုတ်ဘဲ ခုန်တဲ့နေရာမှာ ကူညီပေးဖို့ သီးသန့် ဒီဇိုင်းထုတ်ထားတာပါ။

Researchers at the University of Tokyo have explored a drone-like backpack  that reduces the weight you feel while jumping, creating an almost  low-gravity experience. The concept began with Lunavity, a wearable  multirotor

စိတ်ဝင်စားစရာကောင်းတာက အဲဒီအကြံဉာဏ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Lunavity ပရောဂျက်ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု Augmented Leap ကတော့ ထူးခြားတဲ့ ပန်ကာခြောက်လုံး ဒီဇိုင်းနဲ့ ပိုမိုဆန်းသစ်တဲ့ စနစ်တစ်ခုအဖြစ် ပေါ်ထွက်လာတာပါ။ လောလောဆယ်မှာတော့ အဲဒီစက်ပစ္စည်းဟာ သုတေသန ရှေ့ပြေးပုံစံအဖြစ်သာ ရှိနေသေးပေမယ့် အနာဂတ်မှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေအတွက် တစ်ထောင့်တစ်နေရာကနေ အသုံးဝင်လာနိုင်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com