MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁.၄ ထရီလီယံအထိ ရှိလာပြီ
News
news၂၀၂၆ ဇွန် ၁၈

အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁.၄ ထရီလီယံအထိ ရှိလာပြီ

<p>ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုဟာ စပေ့စ်အက်စ် (SpaceX) ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်းတွေ အကြီးအကျယ် မြင့်တက်လာခဲ့ပြီးနောက်မှာ</p>

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုဟာ စပေ့စ်အက်စ် (SpaceX) ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်းတွေ အကြီးအကျယ် မြင့်တက်လာခဲ့ပြီးနောက်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံအထိ ရောက်ရှိလာခဲ့ပါတယ်။

အဲဒီလို ရှယ်ယာစျေးနှုန်းတွေ စံချိန်တင် မြင့်တက်လာခဲ့တာကြောင့် အီလွန်မတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အခြားအချမ်းသာဆုံးပုဂ္ဂိုလ် ငါးယောက်ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုထက်တောင် ပိုမိုများပြားသွားခဲ့ပါတယ်။

BREAKING: Elon Musk's net worth has reportedly reached $1.4 trillion, the highest level ever recorded. 🚀

အခုလို ဒေါ်လာ ၁.၄ ထရီလီယံအထိ ရှိလာခဲ့တဲ့ အီလွန်မတ်စ်ရဲ့ ပိုင်ဆိုင်မှုပမာဏဟာ ရေနံကြွယ်ဝတဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ တစ်နှစ်တာ စီးပွားရေးထုတ်ကုန် စုစုပေါင်း (GDP) ဖြစ်တဲ့ ဒေါ်လာ ၁.၃၉ ထရီလီယံထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပိုင်ဆိုင်မှုဟာ အင်ဒိုနီးရှား၊ ဆွစ်ဇာလန်၊ ပိုလန်နဲ့ တိုင်ဝမ် စတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးထက်လည်း ပိုမိုမြင့်မားနေပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေထက် ပိုမိုချမ်းသာနေတာ ဖြစ်ပါတယ်။

Elon Musk Is Now Worth $1.4 Trillion As SpaceX Becomes Bigger Than Amazon

ဒီလို သမိုင်းဝင် ပိုင်ဆိုင်မှု အရှိန်အဟုန်နဲ့ တိုးတက်လာရခြင်းရဲ့ အဓိကတွန်းအားကတော့ စပေ့စ်အက်စ် ကုမ္ပဏီ စတော့ဈေးကွက်မှာ အောင်မြင်စွာ စာရင်းဝင်ခဲ့ပြီးနောက် ရှယ်ယာတွေ အပြင်းအထန် မြင့်တက်လာခဲ့တာကြောင့် ဖြစ်ပါတယ်။

နာစ်ဒက် (Nasdaq) စျေးကွက်ရဲ့ ပထမဆုံးနေ့မှာတင် ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တဲ့ စပေ့စ်အက်စ်ရဲ့ ရှယ်ယာတွေဟာ တနင်္လာနေ့မှာလည်း နောက်ထပ် ၂၀ ရာခိုင်နှုန်းနီးပါး ဆက်လက်မြင့်တက်ခဲ့တာကြောင့် အခုလို စံချိန်တင် ချမ်းသာကြွယ်ဝမှုကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

Ref: msn

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com