MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဆေးယဉ်ပါးဘက်တီးရီးယားတွေကို နှိမ်နင်းဖို့ AI နဲ့ ဗိုင်းရပ်စ်အသစ်တွေ ဖန်တီးလိုက်တဲ့ သိပ္ပံပညာရှင်များ
News
news၂၀၂၆ ဩဂုတ် ၁၂

ဆေးယဉ်ပါးဘက်တီးရီးယားတွေကို နှိမ်နင်းဖို့ AI နဲ့ ဗိုင်းရပ်စ်အသစ်တွေ ဖန်တီးလိုက်တဲ့ သိပ္ပံပညာရှင်များ

<p>စတန်းဖို့ဒ်တက္ကသိုလ်နဲ့ Arc အင်စတီကျုက သိပ္ပံပညာရှင်တွေဟာ ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုပြီး သဘာဝမှာမရှိသေးတဲ့ ဗိုင်းရပ်စ်အသစ်တွေကို</p>

စတန်းဖို့ဒ်တက္ကသိုလ်နဲ့ Arc အင်စတီကျုက သိပ္ပံပညာရှင်တွေဟာ ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုပြီး သဘာဝမှာမရှိသေးတဲ့ ဗိုင်းရပ်စ်အသစ်တွေကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ လူတွေကို အန္တရာယ်မပေးဘဲ ဘက်တီးရီးယားတွေကိုသာ သတ်နိုင်တဲ့ အဲဒီဗိုင်းရပ်စ်တွေကို Evo 1 နဲ့ Evo 2 ဆိုတဲ့ AI မော်ဒယ်တွေ အသုံးပြုပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

Stanford and ARC Institute Scientists Used AI to Design 16 New Viruses That  Actually Work

သုတေသီတွေဟာ အီးကိုလိုင် (E. coli) ဘက်တီးရီးယားကို တိုက်ခိုက်နိုင်တဲ့ ΦX174 ဗိုင်းရပ်စ်ရဲ့ ပုံစံသစ်တွေကို ဖန်တီးခဲ့တာပါ။ AI က ထုတ်ပေးလိုက်တဲ့ ဗိုင်းရပ်စ်မျိုးဗီဇ ၂၈၅ မျိုးကို စမ်းသပ်ခဲ့ရာမှာ ၁၆ မျိုးဟာ ဘက်တီးရီးယားတွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဲဒီဗိုင်းရပ်စ်တွေဟာ သဘာဝဗိုင်းရပ်စ်တွေထက်တောင် ပိုပြီး စွမ်းဆောင်ရည် ကောင်းမွန်နေတာကို တွေ့ရပါတယ်။

Scientists create 16 new viruses using artificial intelligence | La Derecha  Diario en Inglés

အခုလို AI နဲ့ ဖန်တီးထားတဲ့ ဗိုင်းရပ်စ်တွေ ပေါင်းစပ်လိုက်တဲ့အခါ ဆေးယဉ်ပါးနေတဲ့ အီးကိုလိုင် ဘက်တီးရီးယားတွေကိုပါ ထိထိရောက်ရောက် နှိမ်နင်းနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒီနည်းပညာဟာ ပဋိဇီဝဆေးတွေနဲ့ ကုသဖို့ခက်ခဲနေတဲ့ ရောဂါတွေအတွက် အနာဂတ်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ဖြစ်လာနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ဓာတ်ခွဲခန်းအဆင့် စမ်းသပ်မှုသာ ဖြစ်သေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com