MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
သမိုင်းတစ်လျှောက် အားသွင်းအမြန်ဆုံး iPhone အဖြစ် စံချိန်တင်လိုက်တဲ့ iPhone 18 Pro Max
News
news၂၀၂၆ စက်တင်ဘာ ၁၇

သမိုင်းတစ်လျှောက် အားသွင်းအမြန်ဆုံး iPhone အဖြစ် စံချိန်တင်လိုက်တဲ့ iPhone 18 Pro Max

<p>အရင်ကထွက်ခဲ့ဖူးတဲ့ iPhone တွေနဲ့မတူဘဲ iPhone 18 Pro Max  ဟာ အားသွင်းမြန်နှုန်းမှာ အံ့မခန်း</p>

အရင်ကထွက်ခဲ့ဖူးတဲ့ iPhone တွေနဲ့မတူဘဲ iPhone 18 Pro Max  ဟာ အားသွင်းမြန်နှုန်းမှာ အံ့မခန်း တိုးတက်လာပါတယ်။ နာမည်ကြီး သတင်းရင်းမြစ်ဖြစ်တဲ့ Ice Universe ရဲ့ ဖော်ပြချက်အရ ဘက်ထရီ ၀ ကနေ ၅၀ ရာခိုင်နှုန်းကို ရောက်ဖို့ ၁၅ မိနစ်ပဲ အချိန်ယူရမှာပါ။ အဲဒီအချက်ကို Apple ကိုယ်တိုင်ကလည်း မိတ်ဆက်ပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

The iPhone 18 Pro Max is the fastest-charging iPhone ever

စမ်းသပ်ချက်တွေအရ ၁၀ မိနစ်လောက် အားသွင်းရုံနဲ့ ၃၄ ရာခိုင်နှုန်းအထိ ရရှိမှာဖြစ်ပြီး ၅၅ မိနစ်မှာတော့ ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း အပြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အားသွင်းတဲ့ဖြစ်စဉ် လုံးဝရပ်တန့်သွားဖို့ကတော့ ၇၆ မိနစ် ကြာမြင့်မှာပါ။ အရင် iPhone 17 Pro Max မှာ အမြင့်ဆုံး အားသွင်းနှုန်း 35W ပဲရှိခဲ့ပေမဲ့ အခု မော်ဒယ်သစ်မှာတော့ 52W အထိ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

The iPhone 18 Pro Max is the fastest-charging iPhone ever - GSMArena.com  news

ဒီလိုမျိုး အားသွင်းမြန်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ဘက်ထရီအရွယ်အစား ပိုကြီးလာတာအပြင် စွမ်းအင်အသုံးချမှု ပိုကောင်းတဲ့ 2nm chip အသစ်ကို သုံးထားလို့ပဲ ဖြစ်ပါတယ်။ ပြိုင်ဘက် Galaxy S26 Ultra   က ၄၃ မိနစ်နဲ့ ၁၀၀ ရာခိုင်နှုန်း ပြည့်တဲ့အတွက် ပိုမြန်နေသေးပေမဲ့ iPhone ရဲ့ ဘက်ထရီက ပိုကြီးတာကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

Ref : gsmarena

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com