MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဗြိတိန်ရဲ့ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စက်ရုံကြီး စတင်လည်ပတ်၊ နေအိမ် ၁ သိန်းကျော်ကို မီးပေးဝေနိုင်
News
news၂၀၂၆ ဩဂုတ် ၂၁

ဗြိတိန်ရဲ့ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စက်ရုံကြီး စတင်လည်ပတ်၊ နေအိမ် ၁ သိန်းကျော်ကို မီးပေးဝေနိုင်

<p>ဗြိတိန်ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးဖြစ်တဲ့ Cleve Hill Solar Park ဟာ</p>

ဗြိတိန်ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးဖြစ်တဲ့ Cleve Hill Solar Park ဟာ အခုဆိုရင် လျှပ်စစ်ဓာတ်အားတွေ စတင်ထုတ်လုပ်ပေးနေပြီ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ ကန့်တ် (Kent) ဒေသမှာ တည်ရှိတဲ့ အဲဒီ စီမံကိန်းကြီးမှာ ဆိုလာပြားပေါင်း ၅ သိန်း ၅ သောင်းကျော်ကို တပ်ဆင်ထားတာပါ။ ထွက်ရှိလာမယ့် စွမ်းအင် 373 MW ဟာ ဗြိတိန်က နေအိမ်ပေါင်း ၁ သိန်း ၂ ထောင်ကျော်အတွက် လျှပ်စစ်မီးကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

UK's largest solar plant Cleve Hill supplying full power to the grid - Solar Power Portal

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စီးပွားဖြစ် စတင်လည်ပတ်ခဲ့တဲ့ အဲဒီ စက်ရုံကြီးဟာ နိုင်ငံရဲ့ လျှပ်စစ်ကွန်ရက်ဆီကို ဓာတ်အား 373 MW အထိ ဖြန့်ဝေပေးနိုင်ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ စီမံကိန်းမှာ 300 MWh အထိ သိုလှောင်နိုင်စွမ်းရှိတဲ့ 150 MW ဘက်ထရီစနစ် အကြီးစားတစ်ခုကိုပါ ထည့်သွင်းတည်ဆောက်နေတာပါ။

လတ်တလောမှာတော့ ဘက်ထရီစနစ်က အပြည့်အဝ အလုပ်မလုပ်နိုင်သေးဘဲ ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာမှ ပထမအဆင့်အနေနဲ့ စတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားပါတယ်။

New benchmark': 373MW Cleve Hill site becomes UK's largest operational solar farm | BusinessGreen News

Quinbrook Infrastructure Partners က ပိုင်ဆိုင်တဲ့ အဲဒီ စက်ရုံကြီးဟာ ဧက ၉၀၀ နီးပါး ကျယ်ဝန်းပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ပါ သီးသန့် နေရာချထားပေးတာကို တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ အဲဒီ စီမံကိန်းဟာ အခုအခါမှာတော့ သန့်စင်တဲ့ စွမ်းအင်တွေ ထုတ်လုပ်ပေးရင်း သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အောင်မြင်စွာ ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com