MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမေရိကန် က အီရန်နဲ့ စစ်ပွဲမှာ လူမဲ့ ဒရုန်းလှေတွေကို ပထမဆုံးအကြိမ် အသုံးပြုပြီး တိုက်ခိုက်
News
news၂၀၂၆ ဇူလိုင် ၁၈

အမေရိကန် က အီရန်နဲ့ စစ်ပွဲမှာ လူမဲ့ ဒရုန်းလှေတွေကို ပထမဆုံးအကြိမ် အသုံးပြုပြီး တိုက်ခိုက်

<p>အမေရိကန်စစ်တပ်ဟာ ခေတ်သစ်ရေတပ်စစ်ဆင်ရေးရဲ့ မှတ်တိုင်သစ်တစ်ခုအနေနဲ့ တိုက်ပွဲမှာ လူမဲ့ဒရုန်းလှေတွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်</p>

အမေရိကန်စစ်တပ်ဟာ ခေတ်သစ်ရေတပ်စစ်ဆင်ရေးရဲ့ မှတ်တိုင်သစ်တစ်ခုအနေနဲ့ တိုက်ပွဲမှာ လူမဲ့ဒရုန်းလှေတွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံရဲ့ ဘန်ဒါအဘတ်စ် (Bandar Abbas) ရေတပ်အခြေစိုက်စခန်းကို ဦးတည်ပြီး ကော်ဆဲလ် (Corsair) အမျိုးအစား လူမဲ့ရေယာဉ် ၃ စီးနဲ့ တစ်ကျော့ပြန် တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်း ကုန်သွယ်ရေးသင်္ဘောတွေကို တိုက်ခိုက်ရာမှာ ကူညီပေးနေတဲ့ ရေငုပ်သင်္ဘောတစ်စီးနဲ့ သင်္ဘောပြင်ဆင်ထိန်းသိမ်းရေး စက်ရုံတစ်ခုကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်လို့ အမေရိကန်က ပြောပါတယ်။

U.S. employs armed naval drones in combat for first time during strike on Iran (PPA:NYSEARCA) | Seeking Alpha

အဲဒီ လူမဲ့ရေယာဉ်တွေကို အမေရိကန် ကာကွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Saronic Technologies က ထုတ်လုပ်ထားတာ ဖြစ်ပြီး ရေယာဉ်တစ်စီးချင်းစီဟာ အလျား ၂၄ ပေ (၇.၃ မီတာခန့်) ရှိပြီး ကီလိုမီတာ ၁,၈၅၀ ခန့်အထိ ခရီးနှင်နိုင်သလို ပေါင် ၁,၀၀၀ ခန့်အထိ ရှိတဲ့ လက်နက်ပစ္စည်းတွေကို သယ်ဆောင်ပြီး တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။

ဒီရေယာဉ်တွေမှာ သင်္ဘောသားတွေ လိုက်ပါသွားခြင်း မရှိဘဲ အဝေးထိန်းစနစ်နဲ့ မောင်းနှင်တာဖြစ်တာကြောင့် ရေတပ်သားတွေရဲ့ အသက်အန္တရာယ်ကို မစိုးရိမ်ရဘဲ အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

အခုစစ်ဆင်ရေးမှာတော့ အဲဒီဒရုန်းလှေတွေကို ပစ်မှတ်ကို ထိမှန်တာနဲ့ တစ်ပါတည်း ပေါက်ကွဲစေမယ့် တိုက်ခိုက်ရေး လက်နက်တွေအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

America's latest weapon to attack Iran.

ဒါဟာ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ ပင်လယ်ပြင်သုံး ဒရုန်းတွေကို တိုက်ပွဲမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်လို့ CENTCOM က ပြောဆိုခဲ့ပြီး အဲဒီလူမဲ့လှေတွေ ပစ်မှတ်ဆီ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်သွားတဲ့ ရုပ်သံဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အခုလို နည်းပညာမြင့် လူမဲ့ရေယာဉ်တွေကို အသုံးပြုလာနိုင်တာဟာ စစ်ပွဲဗျူဟာတွေမှာ စစ်သားတွေရဲ့ အသက်အန္တရာယ်ကို လျှော့ချပေးနိုင်မယ့် စစ်ရေးအလှည့်အပြောင်းတစ်ခုလည်း ဖြစ်ပါတယ်လို့ သိရပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com