MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
TrueMoney နှင့် KBZPay တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တိုက်ရိုက်ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်
News
news၂၀၂၆ ဇွန် ၃

TrueMoney နှင့် KBZPay တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တိုက်ရိုက်ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုကို မိတ်ဆက်

<p>ရန်ကုန်၊ မြန်မာ – အရှေ့တောင်အာရှ၏ ထိပ်တန်း Fintech နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် TrueMoney</p>

ရန်ကုန်၊ မြန်မာ – အရှေ့တောင်အာရှ၏ ထိပ်တန်း Fintech နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် TrueMoney သည် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ကမ္ဘောဇဘဏ်၊ KBZPay တို့နှင့် မဟာဗျူဟာမြောက် ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်ဆန်၊ လုံခြုံပြီး ကုန်ကျစရိတ် သက်သာသည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

ဤဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay Wallet သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လက်ခံသူများထံသို့ ငွေကြေးများကို လုံခြုံစွာ၊ အဆင်ပြေစွာနှင့် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။

TrueMoney ၏ President ဖြစ်သူ Mr. Tanyapong Thamavaranukupt က “ကျွန်တော်တို့ TrueMoney ရဲ့ ရည်မှန်းချက်က လူတိုင်းအတွက် ဆန်းသစ်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ရရှိနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်မာတဲ့ TrueMoney Ecosystem နဲ့ မြန်မာနိုင်ငံမှာ အသုံးအများဆုံးဖြစ်တဲ့ KBZPay နဲ့ ကမ္ဘောဇဘဏ်ဝန်ဆောင်မှုတွေကို ချိတ်ဆက်ပေးခြင်းအားဖြင့် ငွေကြေးဆိုင်ရာ အားလုံးပါဝင်နိုင်မှု အတွက် အားကောင်းတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ပြည်ပရောက် မြန်မာနိုင်ငံသား သန်းပေါင်းများစွာအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကို အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဖန်တီးပေးဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

TrueMoney Myanmar ၏ Country Managing Director ဦးထွန်းထွန်းလင်း ကလည်း “TrueMoney Myanmar မှာ ကျွန်တော်တို့ဟာ Fintech ဆန်းသစ်တီထွင်မှုတွေကို အသုံးပြုပြီး သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေစေဖို့ အမြဲကြိုးစားနေပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်နဲ့ ချိတ်ဆက်လိုက်ခြင်းအားဖြင့် ကြိုးကြိုးစားစား အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးပြီး အဆင်ပြေချောမွေ့တဲ့ ဒစ်ဂျစ်တယ် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး မိသားစုတွေဆီကို ပေးပို့တဲ့ ထောက်ပံ့ငွေတွေကို အရင်ကထက် ပိုမိုမြန်ဆန်ပြီး လုံခြုံစွာ ရောက်ရှိနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ။” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးဇော်လင်းအောင် က “ကမ္ဘောဇဘဏ် အနေနဲ့ ထိုင်းနိုင်ငံ TrueMoney နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။

TrueMoney Wallet၊ KBZPay နှင့် ကမ္ဘောဇဘဏ် အကောင့်များကြား တိုက်ရိုက်ချိတ်ဆက်မှုမှတစ်ဆင့် မိသားစုများအကြား ငွေကြေးထောက်ပံ့မှုနှင့် ချိတ်ဆက် ပေါင်းစည်းမှုများကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% Financial Inclusion) ကို မြှင့်တင်ရန်နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများကို ပိုမိုတိုးတက်စေရန် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

ဤဝန်ဆောင်မှုသစ်သည် မြင့်မားသော လုံခြုံရေး၊ အချိန်နှင့်တစ်ပြေးညီ ငွေလွှဲနိုင်မှုနှင့် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော လုပ်ငန်းစဉ်များ စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး၊ ကုမ္ပဏီနှစ်ခုလုံး၏ ငွေကြေးဆိုင်ရာ အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ရန်နှင့် ပြည်ပရောက် မြန်မာမိသားစုများ၏ လူနေမှုဘဝ ကောင်းမွန်စေရန်အတွက် ရေရှည်ကတိကဝတ်များကို ထင်ဟပ်စေပါသည်။

Media release: True Money

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com