MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်တွေကို စက္ကန့်ပိုင်းစောဖတ်ဖို့ တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ကောက်ခံနေ
News
news၂၀၂၆ ဩဂုတ် ၁၂

ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်တွေကို စက္ကန့်ပိုင်းစောဖတ်ဖို့ တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ကောက်ခံနေ

<p>ဒေါ်နယ်ထရမ့် ရေးသားလိုက်တဲ့ စာတစ်ကြောင်းနဲ့တင် ကမ္ဘာ့စတော့ဈေးကွက်၊ ခရစ်ပတိုနဲ့ ကုန်သွယ်ရေး မူဝါဒတွေ ချက်ချင်း ပြောင်းလဲသွားပြီး ဒေါ်လာ</p>

ဒေါ်နယ်ထရမ့် ရေးသားလိုက်တဲ့ စာတစ်ကြောင်းနဲ့တင် ကမ္ဘာ့စတော့ဈေးကွက်၊ ခရစ်ပတိုနဲ့ ကုန်သွယ်ရေး မူဝါဒတွေ ချက်ချင်း ပြောင်းလဲသွားပြီး ဒေါ်လာ ထရီလီယံပေါင်းများစွာ ရိုက်ခတ်သွားနိုင်တဲ့အထိ သူ့ရဲ့ ပို့စ်တွေက ကမ္ဘာ့ဘဏ္ဍာရေးလောကအပေါ် သြဇာသက်ရောက်မှု ကြီးမားလှပါတယ်။

အဲဒီလို ဈေးကွက်ကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ ထရမ့်ရဲ့ Truth Social ပို့စ်တွေကို အခြားသူတွေထက် စက္ကန့်ပိုင်း စောပြီး ဖတ်ရှုနိုင်မယ့် Truth API ဝန်ဆောင်မှုအသစ်အတွက်   ကုမ္ပဏီက ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ကောက်ခံနေပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ အဲဒီ ဝန်ဆောင်မှုကို လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း ၁၀ ခုကျော်က တရားဝင် ရယူထားပြီး ဖြစ်ပါတယ်။ တစ်လကို ဒေါ်လာ ၁ သိန်းအထိပေးနေရတာပါ။

အလိုအလျောက် စနစ်နဲ့ အရောင်းအဝယ်လုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေအတွက်တော့ ဒီသတင်းအချက်အလက်တွေကို အခြားသူတွေထက် စက္ကန့်ပိုင်း မက စောပြီး ရရှိတာဟာ သန်းနဲ့ချီတဲ့ အမြတ်အစွန်းတွေကို ဖန်တီးပေးနိုင်ပါတယ်။

အဆင့်မြင့် ကွန်ပျူတာ စနစ်တွေက ထရမ့်ရဲ့ စာရေးသားချက်တွေကို စက္ကန့်ပိုင်းအတွင်း သုံးသပ်ပြီး စတော့ဈေးကွက် ဒါမှမဟုတ် ငွေကြေးဈေးကွက်မှာ ချက်ချင်း အရောင်းအဝယ် ပြုလုပ်နိုင်တာကြောင့် စာနယ်ဇင်းတွေနဲ့ သာမန် ရင်းနှီးမြှုပ်နှံသူတွေ မသိရသေးမီ စက္ကန့်ပိုင်း စောပြီး ရရှိတာဟာ အလွန် အဖိုးတန်တဲ့ အခွင့်အလမ်း ဖြစ်လာပါတယ်။

Trump Media sinks to £176 million loss and refocuses efforts on Truth Social

ဒါပေမဲ့ ဒီလုပ်ရပ်အပေါ် နိုင်ငံရေးနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပါတယ်။ သမ္မတရဲ့ စကားတွေကို အခြေခံပြီး မြန်ဆန်တဲ့ သတင်းအချက်အလက်ကို ငွေကြေးနဲ့ လဲလှယ် ရောင်းချနေတာဟာ သာမန် ရင်းနှီးမြှုပ်နှံသူတွေအတွက် မတရားဘူးလို့ ထောက်ပြနေကြတာပါ။

ဒါပေမဲ့ ဒုတိယသုံးလပတ်မှာ ဒေါ်လာ ၂၃၈ သန်းအထိ အရှုံးပေါ်ခဲ့တဲ့ Trump Media အတွက်တော့ အခု ဝန်ဆောင်မှုဟာ ကုမ္ပဏီကို ပြန်လည် ဦးမော့လာစေမယ့် ဝင်ငွေလမ်းကြောင်းသစ် တစ်ခု ဖြစ်လာနေပါတယ်။

Ref: financefeeds

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com