MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တစ်နှစ်ကို လူတူစက်ရုပ် ၁ သိန်းအထိ ထုတ်လုပ်မယ့် အမေရိကန် ကုမ္ပဏီ
News
news၂၀၂၆ မေ ၃

တစ်နှစ်ကို လူတူစက်ရုပ် ၁ သိန်းအထိ ထုတ်လုပ်မယ့် အမေရိကန် ကုမ္ပဏီ

<p>အမေရိကန် စက်ရုပ်နည်းပညာကုမ္ပဏီ 1X ဟာ သူတို့ရဲ့ နာမည်ကျော် NEO လူတူစက်ရုပ်တွေကို ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝါ့ဒ်မြို့က</p>

အမေရိကန် စက်ရုပ်နည်းပညာကုမ္ပဏီ 1X ဟာ သူတို့ရဲ့ နာမည်ကျော် NEO လူတူစက်ရုပ်တွေကို ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝါ့ဒ်မြို့က စက်ရုံအသစ်မှာ အကြီးအကျယ် စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

အခုလက်ရှိ ဝန်ထမ်းပေါင်း ၂၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စတုရန်းပေ ၅၈,၀၀၀ ကျယ်ဝန်းတဲ့ ဒီစက်ရုံဟာ တစ်နှစ်ကို လူတူစက်ရုပ် ၁၀,၀၀၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ၂၀၂၇ ခုနှစ်မှာတော့ ၁ သိန်းကျော်အထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။ စက်ရုံတွင်းမှာလည်း အဆင့်မြင့် မော်တာထုတ်လုပ်ရေးနဲ့ အလိုအလျောက် စက်မှုစနစ်တွေကို အသုံးပြုပြီး တိကျသေချာစွာ တပ်ဆင်နေတာပါ။

လက်ရှိ ထုတ်လုပ်ထားတဲ့ လူတူစက်ရုပ်တွေကို နည်းပညာစမ်းသပ်မှုတွေ ပြုလုပ်နေပြီး ၂၀၂၆ ခုနှစ်အတွင်းမှာ ဝယ်ယူသူတွေလက်ထဲကို စတင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အိမ်အကူအဖြစ်ဖြစ်စေ၊ တခြားကိစ္စရပ်တွေမှာဖြစ်စေ အသုံးပြုနိုင်မယ့် ဒီ NEO စက်ရုပ်ကို ဒေါ်လာ ၂၀,၀၀၀ နဲ့ အပိုင်ဝယ်ယူနိုင်မှာဖြစ်သလို၊ တစ်လကို ဒေါ်လာ ၄၉၉ နဲ့ ငှားရမ်းအသုံးပြုနိုင်တဲ့ စနစ်နဲ့လည်း 1X ကုမ္ပဏီက တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com