MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
G20 အစည်းအဝေးမှာ AI ဒေတာစင်တာတွေ ထပ်မံတည်ဆောက်ဖို့ ဇူကာဘတ်နဲ့ အီလွန်မတ်စ်တို့ တောင်းဆို
News
news၂၀၂၆ စက်တင်ဘာ ၂

G20 အစည်းအဝေးမှာ AI ဒေတာစင်တာတွေ ထပ်မံတည်ဆောက်ဖို့ ဇူကာဘတ်နဲ့ အီလွန်မတ်စ်တို့ တောင်းဆို

<p>ကမ္ဘာ့ထိပ်တန်း နည်းပညာဘီလီယံနာတွေဖြစ်တဲ့ မက်ခ်ဇူကာဘတ်နဲ့ အီလွန်မတ်စ်တို့ဟာ ဉာဏ်ရည်တု (AI) နည်းပညာ အနာဂတ်အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေကို</p>

ကမ္ဘာ့ထိပ်တန်း နည်းပညာဘီလီယံနာတွေဖြစ်တဲ့ မက်ခ်ဇူကာဘတ်နဲ့ အီလွန်မတ်စ်တို့ဟာ ဉာဏ်ရည်တု (AI) နည်းပညာ အနာဂတ်အတွက် ကြီးမားတဲ့ အပြောင်းအလဲတွေကို တောင်းဆိုလိုက်ပါတယ်။ အမေရိကန်မှာ ကျင်းပခဲ့တဲ့ G20 နည်းပညာဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ သူတို့နှစ်ဦးက အွန်လိုင်းကနေတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ပြီး AI ဒေတာစင်တာတွေ အမြောက်အမြား တည်ဆောက်ဖို့နဲ့ အစိုးရရဲ့ ချုပ်ချယ်မှုတွေကနေ ကင်းလွတ်ခွင့်ပေးဖို့ အရေးတကြီး တောင်းဆိုခဲ့ကြပါတယ်။

Musk said he believed artificial intelligence would increase the size of the global economy by 20-30 percent, or roughly $20 trillion to $30 trillion, per year

ဒီလို ဧရာမစီမံကိန်းကြီးတွေအတွက် လိုအပ်ချက်တွေကလည်း မသေးလှပါဘူး။ ဇူကာဘတ်က ဒေတာစင်တာတွေ တည်ဆောက်ဖို့ ကျွမ်းကျင်လုပ်သား သိန်းနဲ့ချီပြီး အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်ကလည်း လာမယ့်နှစ်မှာတင် ကြီးမားတဲ့ လျှပ်စစ်စွမ်းအင် ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ AI ဟာ ကမ္ဘာ့စီးပွားရေးကို တစ်နှစ်ထက်တစ်နှစ် ရာခိုင်နှုန်း ၂၀ ကနေ ၃၀ အထိ တိုးတက်စေနိုင်တဲ့အတွက် ဥရောပနိုင်ငံတွေကလို တင်းကျပ်တဲ့ စည်းမျဉ်းတွေ မထားဖို့ကိုလည်း မတ်စ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Elon Musk and Mark Zuckerberg agree to hold cage fight

ဒါပေမဲ့ ပြည်သူတွေဘက်ကတော့ ဒီအစီအစဉ်တွေကို သိပ်သဘောကျပုံမရပါဘူး။ အမေရိကန်ပြည်သူ အများစုကတော့ လျှပ်စစ်မီတာခတွေ ခေါင်ခိုက်လာတာနဲ့ ဆူညံသံတွေကြောင့် AI ဒေတာစင်တာတွေ ထပ်ဆောက်မယ့်အပေါ် ဆန့်ကျင်နေကြပါတယ်။ ဒီအပေါ်မှာ ဒေါ်နယ်ထရမ့်က ကန့်ကွက်သူတွေကို ခေတ်နောက်ကျပြီး ဆင်းရဲသူတွေလို့ ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့ပါတယ်။ Google DeepMind ရဲ့ အကြီးအကဲကတော့ AI နည်းပညာဟာ စက်မှုတော်လှန်ရေးထက်တောင် ၁၀ ဆလောက် ပိုပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ မှတ်ချက်ပြုထားပါတယ်။

Ref : Bangkokpost

ဆက်စပ်သတင်းများ

vivo S2 FE ဘက်ထရီ 10,000mAh နဲ့ စျေးကွက်ထဲ ရောက်လာ

10/7/2026

Samsung One UI 9 တည်ငြိမ်သော ဗားရှင်းကို Galaxy S24 Series နှင့် Fold6၊ Flip6 များအတွက် စတင်ထုတ်ပြန်

10/7/2026

Claude AI က Office အက်ပ်တွေထဲ ဝင်ရောက်လာပြီး Gemini ကို စိန်ခေါ်

10/7/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com